မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတှေ ဖြန့်ဝေနေတဲ့ လွိုင်ကော်တက္ကသိုလ် တွင် တိုက်ပွဲဖြစ်ပွားမှုအကြားမှ ကယ်တင်ထိန်းသိမ်းထားသည့် ပညာရေးဝန် ထမ်းများနှင့် မိသားစုဝင်များကို ကြာရှည်ထိန်းသိမ်းထားခြင်းမပြုလုပ်ဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန် NUG အစိုးရက KNDF ကို တောင်းဆို ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို နိုဝင်ဘာလ၂၂ရက်နေ့က စစ်အုပ်စုလက်အောက်ခံ KO THETS, ဟန်ငြိမ်းဦး စတဲ့ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ တရားဝင်လူမှုကွန် ရက် စာမျက်နှာမှာလည်း ဒီလိုရေးသားထားတဲ့ အကြောင်းအရာများပါတဲ့ ထုတ်ပြန်ချက်ကို မတွေ့ရှိရသလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFနဲ့ လွတ်လပ်သော သတင်းဌာနတွေမှာလည်း ဖော်ပြထားခြင်း မရှိတာကို စိစစ်တွေ့ရှိရပါတယ်။

NUG၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာ လင့်

http://surl.li/nuuqj

လက်ရှိမှာတော့ လွိုင်ကော်တက္ကသိုလ်ဝန်းထဲကနေ ကယ်တင်ခေါ်ထုတ်လာသော Non-CDM ဆရာ၊ ဆရာမများ၊ အမှုထမ်းများနှင့် မိသားစုဝင်များကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ စုံစမ်းစစ်ဆေးပြီးနောက် ၁၉၃ ဦးကို နေရပ်သို့ပြန်စေကာ ကရင်နီပြည် ပြင်ပသို့ အပြီးသတ်နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာလ ၂၉ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဆီသို့- Towardsသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

http://surl.li/nuuri

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) ရဲ့ သတင်းထုတ်ပြန်ချက်လင့်

http://surl.li/nuuro

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “လွိုင်ကော်တက္ကသိုလ်တွင် တိုက်ပွဲဖြစ်ပွားမှုအကြားမှ ကယ်တင်ထိန်း သိမ်းထားသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များကို ကြားရှည်ထိန်းသိမ်းထားခြင်းမပြုလုပ်ဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန် NUG အစိုးရကKNDF ကို တောင်းဆို” ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.