မော်လမြိုင် – ဒီဇင်ဘာ ၂

ချင်းပြည်နယ်၊ရေဇွာမြို့သိမ်းနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုကို ပြည်သူတွေ ဂုဏ်ပြု ကြိုဆိုခဲ့ကြတယ်လို့ Chinland Information Center က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရေဇွာမြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း တွေကို CNA ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲကို CNA ကဦးဆောင်ပြီး ZZLMS ညီနောင် ၅ ဖွဲ့ဖြစ်တဲ့ CDF-Zotung ၊ CDF- Zophei ၊ CDF-Lautu ၊ CDF-Mara ၊ CDF-Senthang၊CDF-Hakha ၊ CDF-Matupi (Battalion 2) ၊ CDF-Thantlang ၊ အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ CDF-Hualngoram တို့ပူးပေါင်း ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Chinland Information Center

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.