လွိုင်ကော် – ဒီဇင်ဘာ ၂

ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ Federal Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ဦးဆောင်မှုနဲ့ ဝေဟင်တိုက်ပွဲတွေ စတင်ဆင်နွှဲနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေကို ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (KPLA)၊ KA တပ်ရင်း-၁ ၊ PDF KNDF (ကလလတ) လက်အောက်ခံအဖြစ် Federal Wings ဒရုန်းတပ်ဖွဲ့နဲ့ ဘော်လခဲ PDF Drone တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲနေကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း သံလွင်မြစ်အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီ ပန်တိန်း စခန်းကနေ သံလွင်မြစ်အနောက်ဘက်မှာရှိတဲ့ ဖားဆောင်းကို ဆုတ်ခွာပြီး လွိုင်ကော်ကို စစ်ကူပေးဖို့ ထွက်လာတဲ့ စစ်ကြောင်းတို့ Federal Wings အပါအဝင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ၊ ၁ ဦးအရှင်ဖမ်းဆီးရမိထားပြီး လက်နက် ၅ လက်နဲ့အတူ ခဲယမ်းမျိုးစုံကိုသိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.