မန္တလေး – နိုဝင်ဘာ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီ စခန်းကုန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မနက်ပိုင်းက တောင်သမန်စစ်ဆင်ရေးအဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ မန္တလေး PDF တို့က စစ်ကောင်စီ စခန်းကုန်း တစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစခန်းကုန်းကို ၁ နာရီကျော်အတွင်း အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးအရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.