ဘန်ကောက်၊ နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရုတ်နိုင်ငံသား တောင်းရမ်းစားသောက်သူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးနေပြီး သူတို့တွေဟာ မလေးရှားနဲ့ စင်ကာပူနိုင်ငံအတွင်းမှာလည်း တောင်းရမ်းတဲ့အလုပ်ကို လုပ်ကိုင်ဖူးတယ်လို့ ထိုင်း လဝက က ပြောပါတယ်။

ဒုတိယ လူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ ရဲမှူးချုပ် ဖန်ထာနာ နူချာနတ်က အဲဒီတရုတ်နိုင်ငံသား တောင်းရမ်းစားသောက်သူအဖွဲ့နဲ့ စကားပြန်အဖြစ် လုပ်ကိုင်ပေးတဲ့ ထိုင်းနိုင်ငံသားအမျိုးသမီးတစ်ဦးတို့ဟာ ပတ်သက်မှုမရှိဘူးလို့လည်း ပြောကြားထားပါတယ်။  

တရုတ်နိုင်ငံသား တောင်းရမ်းစားသောက်သူတွေကို ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေဟာ ခရီးသွားတွေလည်ပတ်မှုများတဲ့ နေရာတွေမှာ ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တရုတ်နိုင်ငံသားတွေနဲ့အတူ ဘတ်တစ်သောင်းခန့်ရှိတဲ့ ငွေအကြွေတွေပါဝင်တဲ့ အိတ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

တောင်းရမ်းစားသောက်သူတို့ရဲ့ဝင်ငွေတွေဟာ သူတို့ဝင်ငွေထက်များတယ်ဆိုပြီး ထိုင်းနိုင်ငံသား အချို့ကလည်း ဝေဖန်မှုများပြုလုပ်ခဲ့ကြပါတယ်။

သူတို့တွေဟာ တစ်ရက်တာ တောင်းရမ်းအပြီး ရရှိလာတဲ့ ထိုင်းဘတ်ငွေတွေကို ယွမ်ငွေနဲ့ လဲလှယ်ပြီး သူတို့ရဲ့ တရုတ်ငွေဘဏ်စာရင်းထဲကို အပ်နှံရတယ်လို့ ထိုင်းဒုလူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ က ပြောကြားထားပါတယ်။

ထိုင်းမှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတောင်းရမ်းစားသောက်သူတွေဟာ မီးလောင်ဒဏ်ရာတွေလည်းရရှိထားကြသလို အဲဒီဒဏ်ရာတွေကလည်း တရုတ်နိုင်ငံအတွင်းမှာ ရရှိခဲ့တာဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူတွေကို ထိုင်းနိုင်ငံမှာ အမည်ပျက်စာရင်းသွင်းလိုက်ပြီဖြစ်တယ်လို့ ဒုတိယ လူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ ရဲမှူးချုပ် ဖန်ထာနာက ပြောကြာထားပါတယ်။  

ထိုင်းအာဏာပိုင်အဖွဲ့တွေဟာ ချွန်ဘူရီခရိုင်၊ ချင်းမိုင်ခရိုင်နဲ့ ဖူးခက်ခရိုင်ဒေသန္တရတွေမှာရှိတဲ့ နိုင်ငံခြား သား တောင်းရမ်းစားသောက်သူ ၃၃ ဦးအထိ ဖမ်းဆီးခဲ့တာပါ။

အဲဒီထဲမှာ ကမ္ဘောဒီးယား ၂၇ ဦး၊ တရုတ် ၂ ဦး၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ရုရှားနိုင်ငံသား ၂ ဦးတို့ပါဝင်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံက ဘယ်တော့မှ ကြိုဆိုခြင်းမပြုတော့မယ့် လူများစာရင်းမှာ ထည့်သွင်းမယ်လို့ သိရပါတယ်။

Ref – Thai PBS world

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.