ဘန်ကောက်၊ နိုဝင်ဘာ ၂၆
ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရရွတ်နဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ ရာထူးသက်တမ်း ၉ နှစ်အတွင်း အသားတင်ပိုင်ဆိုင်မှု ဘတ် ၂ သန်းကျော် တိုးလာခဲ့တယ်လို့ The nation Thailand သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရရွတ်နဲ့အတူ လက်ထောက်ဖြစ်သူ ဒုဝန်ကြီးချုပ် ပရာဝတ် ဝန်ဆူဝန်ရဲ့ ပိုင်ဆိုင်မှုကလည်း အဲဒီအာဏာသိမ်း ၉ နှစ်အတွင်း ဘတ် ၁ ဒသမ ၈ သန်းအထိ ရှိလာခဲ့တာပါ။
ထိုင်းနိုင်ငံ အမျိုးသားဆိုင်ရာ အကျင့်ပျက်ခြစားမှုကော်မရှင်ဟာ နိုင်ငံ့တာဝန်ရယူထားတဲ့ အရာရှိ ၁၈ ဦးရဲ့ ပိုင်ဆိုင်မှုနဲ့ တာဝန်ခံကြေညာချက်တွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ဝန်ကြီးချုပ်ဟောင်း ပရရွတ်လည်း ပါဝင်လာခဲ့တာပါ။
ပရရွတ်နဲ့ဇနီး နာရာပွန်ချအိုချာတို့ဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီးနောက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာခဲ့ပြီး စုစုပေါင်းပိုင်ဆိုင်မှု ဘတ် ၁၃၀ သန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။
စုစုပေါင်းတန်ဖိုးတွေထဲက ပရရွတ်ရဲ့ ပိုင်ဆိုင်မှုဟာ ဘတ် ၉၈ သန်းကျော်သာရှိပြီး ဇနီးဖြစ်သူ နာရာပွန်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဘတ် ၃၁ သန်းရှိခဲ့တာပါ။
၂၀၁၄ ခုနှစ် စက်တက်ဘာလဆန်းပိုင်းမှာ ပရရွတ်နဲ့ နာရာပွန်တို့ရဲ့ဝန်ကြီးချုပ် ရာထူးရယူထားချိန် ပိုင်ဆိုင်မှုဟာ ဘတ်သန်း ၁၂၈ သန်းကျော်နဲ့ ကြွေးမြီစုစုပေါင်း ဘတ် ၆ သိန်းခွဲကျော် ရှိတယ်လို့ အသိပေးထားတာပါ။
အဲဒါကြောင့် လွန်ခဲ့တဲ့ ၉ နှစ်အတွင်း သူတို့ရဲ့ပိုင်ဆိုင်မှုဟာ ဘတ်ငွေ ၂ ဒသမ ၁ သန်းကျော်အထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။
လူပျိုကြီးဖြစ်တဲ့ ဒုဝန်ကြီးချုပ် ပရာဝတ် ဝန်ဆူဝန်ကလည်း တာဝန်မထမ်းဆောင်ခင် ပိုင်ဆိုင်မှု ဘတ် ၈၇ သန်းနီးပါးသာ ရှိခဲ့ပေမယ့် ရာထူးကနေ အနားယူပြီးနောက် ဘတ် ၈၉ သန်းကျော်အထိ မြင့်တက်လာသလို အသားတင်ပိုင်ဆိုင်မှု ဘတ် ၁ ဒသမ ၈ သန်းအထိ တိုးလာခဲ့တယ်လို့ ဖော်ပြပါတယ်။
Ref – The nation Thailand