ပေကျင်း၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး စစ်ရေးလေ့ကျင့်သွားတယ်လို့ တရုတ်ဘက်က အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကား ရာနဲ့ချီမီးလောင်ပျက်စီးတွေ ဖြစ်ပွားပြီးနောက် တရုတ်စစ်တပ်ဘက်က စစ်ရေးလေ့ကျင့်မယ့်အကြောင်း ထုတ်ပြန်လာတာပါ။

မြန်မာစစ်တပ်ဘက်ကတော့ ကုန်တင်ကားတွေ မီးလောင်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပြီး ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံအတွင်း မလုံခြုံမှုဖြစ်တဲ့အခြေအနေကို ရောက်ရှိနေသလို မြန်မာစစ်တပ်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ရှိလာခဲ့တာပါ။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ လျင်မြန်တဲ့ ထိန်းကျောင်းနိုင်မှု၊နယ်နိမိတ်ခြား ပိတ်ဆို့မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှု စွမ်းရည်တွေကို လေ့ကျင့်ဖို့ ရည်ရွယ်ထားတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်ရေးပြကွပ်ကဲရေးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်ဘက်က ဒီစစ်ရေးလေ့ကျင့်မှုကို ပုံမှန်စစ်ရေးလေ့ကျင့်မှုလို့ အသိပေးထားပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ အခုလို ဆောင်ရွက်မှုအပေါ် အကဲခတ်တွေကတော့ စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာတော့ တပ်ဖွဲ့ဝင်အရေအတွက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်စခန်း ရာနဲ့ချီ ဆုံးရှုံးထားသလို မြို့ ၈ မြို့ကိုလည်း လက်လွှတ်ထားရတာပါ။

အာဏသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။  

Ref – Reuter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.