ဝက်လက် – နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှူးအပါအဝင် ၁၆ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရွှေပန်းကုံးရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း လက်နက်ငယ် ၃၁ လက်၊ကျည် ၆၄၀၀ ကျော်၊လက်ပစ်ဗုံး ၃၂ လုံး၊မိုင်း ၆ လုံး၊ ငွေကျပ် ၉ သိမ်းကျော်နဲ့အတူ စစ်လက်နက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် Mi-35 ရဟတ်ယာဉ်နဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်အခြေစိုက် ရွှေပန်းကုံးရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်အခြေချတဲ့ နေရာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.