ဘန်ကောက်၊နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံအတွင်း သေနတ်လိုင်စင်ထုတ်ပေးမှုကို တစ်နှစ်ရပ်နားမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကွန်က နိုင်ဝင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
Por -12 လို့လူသိများတဲ့ သေနတ်လိုင်စင်ထုတ်ပေးတဲ့တားမြစ်အမိန့်ဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို တားဆီးဖို့ဖြစ်ပြီး ဝန်ကြီးချုပ် လက်မှတ်ရေးထိုးဖို့ ပို့ဆောင်ထားတာပါ။
သေနတ်လိုင်စင်ထုတ်ပေးမှု ရပ်နားမယ့်အမိန့်ကို ထိုင်းအစိုးရဂျာနယ်ဖြစ်တဲ့ တော်ဝင်ဂေဇက်မှာ ထုတ်ပြန်ပြီးတာနဲ့ တပြိုင်နက်စတင်အသက်ဝင်မှာဖြစ်ပေမယ့် အဲဒီအမိန့်ကိုတော့ ရဲအရာရှိလို အစိုးရအာဏာပိုင်တွေအတွက် အကျုံးမဝင်ဘူးလို့ သိရပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူးကတော့ Por 12 သေနတ်လိုင်စင်ထုတ်ပေးမှု ရပ်နားဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားထားပြီး ခရိုင်အကြီးအကဲနဲ့ ခရိုင်ဒေသန္တရ အုပ်ချုပ်သူတွေကိုသာ သေနတ်လိုင်စင်ထုတ်ပေးမယ်လို့ ပြောပါတယ်။
မှတ်ပုံတင်ခွင့်ရရှိတဲ့ အရာရှိတွေဟာ လိုင်စင်အသစ်ထုတ်ပေးတာနဲ့ သေနတ်အတုတွေ တင်သွင်း ရောင်းချတာကိုလည်း တားမြစ်နိုင်ပြီး သေနတ်အတုတွေဟာ အစစ်အဖြစ်ပြုလုပ်ကိုင်ဆောင်ထားတဲ့ အရာရှိတွေဟာ ဒေသဆိုင်ရာ မှတ်ပုံတင်အရာရှိတွေမှာ မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
မစ္စတာ အနူတင်က အရပ်သားတွေအနေနဲ့ အများပြည်သူနေရာတွေမှာ သေနတ်ကိုင်ဆောင်တာ တားမြစ်ဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် တရားဝင်သေနတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ လိုအပ်တဲ့ခွင့်ပြုချက်ရရှိပါက မိမိကိုယ်မိမိ ကာကွယ်ဖို့အတွက် အများပြည်သူနေရာတွေကို သယ်ဆောင်သွားနိုင်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ မကြာသေးခင်က အသေအပျောက်များခဲ့တဲ့ ပစ်ခတ်မှုပြီး နောက် ဒီအမိန့်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်နေ့က Siam Paragon ကုန်တိုက်မှာ အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နေ့ အစောပိုင်းက ဘန်ကောက်မြို့လယ် သောင်တိုခရိုင်မှာ ကျောင်းသား ဂိုဏ်းနှစ်ခု ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ဆရာမတစ်ဦး ကျည်ထိမှန်သေဆုံးထားသလို ဆွန်လွန်ခရိုင်က ကျောင်းသားခိုက်ရန် ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref : Strait time