တိုင်ပေ၊ နိုဝင်ဘာ ၂၅

ထိုင်ဝမ်အာဏာရပါတီရဲ့ ဒုသမ္မတလောင်းက ဒေသတွင်းတင်းမာမှုတွေကို လျှော့ချမယ့် အဓိကသော့ချက်ဟာ ရေလက်ကြားဖြတ်ကျော် ဆက်သွယ်ရေးဖြစ်ပြီး တရုတ်နဲ့စစ်ဖြစ်တာဟာ ရွေးချယ်စရာမဟုတ်ကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြာခဲ့ပါတယ်။

ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်နေတဲ့ တရုတ်နိုင်ငံဟာ အထူးသဖြင့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ဖို့ စစ်ရေးအရ ဖိအားတွေတိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP က နောက်ထပ်ခေါင်းဆောင်ဖြစ်လာဖို့ ရှေ့ပြေးနေတဲ့ သမ္မတလောင်း လိုင်ချင်တီနဲ့ ဒုသမ္မတအဖြစ် ထိုင်ဝမ်ရဲ့ထင်ရှားကျော်ကြားတဲ့ အမေရိကန်သံအမတ်ကြီး ရှောင်ဘီခင်ကို ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ လိုင်နဲ့ ရှောင်တို့ကို ခွဲထွက်ရေးသမားတွေအဖြစ် ရှုမြင်ကာ ပြီးခဲ့တဲ့ဧပြီလက နှစ်ကြိမ်တိုင် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူတို့လိုပဲ အခြားနိုင်ငံတကာမိတ်ဆွေတွေကိုလည်း တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူထားတယ်လို့ ရှောင်က ပြောကြားခဲ့ပြီး သူမက ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ခုခံကာကွယ်မယ့် ကတိကဝတ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

“လက်ရှိအနေအထားကို အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပြုထားတဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့နဲ့ ပွင့်ပွင့်လင်းလင်းရှိနေဖို့ ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားထားပါတယ်”လို့ သူမက ပြောခဲ့ပါတယ်။

ထိုင်ဝမ်က အမေရိကန်ရဲ့ စည်းလုံးညီညွတ်ပြီး နှစ်ပါတီပုံစံထောက်ခံမှုကို အတုယူဖို့လိုအပ်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကိုလည်း တိုးမြှင့်ရရှိဖို့ အရေးကြီးတယ်လို့ သူမကပြောပါသေးတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံရေးမရှိသော်လည်း ကျွန်းကိုခုခံကာကွယ်ဖို့ နည်းလမ်းတွေပေးအပ်မယ့် ဥပဒေကိုပြဌာန်းထားတဲ့ အခိုင်မာဆုံးကျောထောက်နောက်ခံပြုပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို DPP ရဲ့ လုပ်ဆောင်မှုဟာ ထိုင်ဝမ်ရဲ့အဓိက အတိုက်အခံ ပါတီနှစ်ရပ်ဖြစ်တဲ့ ကူမင်တန် KMT ၊ ထိုင်ဝမ်ပြည်သူ့ပါတီ TPP တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.