November 21, 2023

တရားမဝင် အေးခဲဝက်သား တင်သွင်းမှု နှိမ်နင်းဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

ဘန်ကောက်၊ နိုဝင်ဘာလ ၂၂ ထိုင်းနိုင်ငံအတွင်း တရားမဝင်အေးခဲဝက်သားတွေ တင်သွင်းနေတဲ့ကိစ္စတွေ အဆုံးသတ်စေဖို့ သက်ဆိုင်ရာအစိုးရ အေဂျင်စီတွေကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးလိုက်ပါတယ်။ ဒီလိုဖြိုခွင်းရာမှာ အသေးစားအရောင်းသမားတွေကို ဖမ်းဆီးတာထက် အကြီးစားဒိုင်တွေကို အာရုံထားဖို့ ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်က ဦးစားပေးပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့မွေးမြူရေးဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာနတို့ဟာ တရားမဝင်ဝက်သားတင်သွင်းမှုကိစ္စတွေအတွက် တိုက်ရိုက်တာဝန်ရှိပြီး လုပ်ငန်းဆောင်ရွက်ရာမှာ တင်းမာ မှုမရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။…

မြောက်ကိုရီးယားက လာမယ့်ရက်ပိုင်းအတွင်း ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မယ်

ပြုံယမ်း၊ နိုဝင်ဘာ ၂၂ မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မယ့် အစီအစဉ်ကို ဒေသတွင်း အိမ်နီးချင်း ဂျပန်နိုင်ငံကို အသိပေးအကြောင်းကြားထားတယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ ဒီအစီအစဉ်ဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်တဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို ပတ်လမ်းအတွင်းလွှတ်တင်မယ့် မြောက်ကိုရီးယားရဲ့ တတိယအကြိမ်ကြိုးပမ်းမှုဖြစ်တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ပြောကြားထားပါတယ်။ မြောက်ကိုရီးယားဟာ ဒီဂြိုလ်တုကို ပင်လယ်ဝါနဲ့ အရှေ့တရုတ်ပင်လယ်ဘက်ကို…

အာဖဂန်နယ်စပ်မှာ စစ်ရာဇဝတ်သားအပါအဝင် ၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် ပြော

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာလ ၂၂ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနောက်မြောက်နယ်စပ်အနီးမှာ အလိုရှိနေတဲ့ စစ်ရာဇဝတ်သား တစ်ဦးအပါအဝင် လက်နက်ကိုင် ၄ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဟာဝန်ရှိသူတွေက ပြောပါတယ်။ ဝါဇီရီစတန်ခရိုင် ခိုင်ဆောဧရိယာအတွင်း ထောက်လှမ်းရေးအခြေပြု စစ်ဆင်ရေးမှာ ပါကစ္စတန် လုံခြုံရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပြီးနောက် ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားပါတယ်။ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေ ရှင်းလင်းခဲ့တဲ့ လက်နက်ကိုင် ၄…

တိုက်ပွဲပြင်းထန်တဲ့နေရာတွေမသွားချင်လို့ မကွေးဒေသခံစစ်တပ်သတင်းမှားဖြန့်နေ

စလင်း – နိုဝင်ဘာ ၂၁ မကွေးတိုင်း၊ စလင်းနဲ့ ပွင့်ဖြူမြို့နယ်က စာသင်ကျောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလာရောက်တိုက်ခိုက်ဖို့ရှိနေတယ်ဆိုတဲ့ စာကပ်ပြီး ဒေသတွင်းစစ်တပ်က သတင်းမှား ဖြန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စာသင်ကျောင်းတွေမှာ စာလိုက်ကပ်နေတာဖြစ်တဲ့ အတွက် ဒေသခံ အရပ်သားတွေဟာ စိုးရိမ်မှုတွေရှိနေတာပါ။မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးကတော့ ဒေသခံစစ်တပ်ရဲ့…

ပြည်သူထိခိုက်မှုများလာတဲ့အတွက် စစ်ရေးအရှိန်မြှင့်သွားမယ်လို့ CDF အသိပေး

မတူပီ – နိုဝင်ဘာ ၂၁ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုများလာတဲ့အတွက် စစ်ရေးအရှိန်ပိုမြှင့်သွားတော့မှာဖြစ်တယ်လို့ Chinland Defense Force -Matupi က သတင်းထုတ်ပြန်ထားပါတယ်။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ အနေနဲ့စစ်ရေးအရှိန်ပိုမြှင့်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့ အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်ညနေပိုင်းက မတူပီမြို့နယ်…

ချင်း​​ပြည်နယ်တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရ

တီးတိန်၊ နို၀င်ဘာ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်‌‌ရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Zoland PDFက ထုတ်ပြန်ထားပါတယ်။ ဒီနေ့ မနက် ၄ အချိန်ခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို Zoland PDF က သွားရောက်တိုက်ခိုက်ခဲ့ရာ မနက် ၆ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး…

နမ့်ဆန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

နမ့်ဆန်၊ နို၀င်ဘာ ၂၁ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က နို၀င်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နို၀င်ဘာ ၂၀ရက်၊ ည ၁၂ နာရီအချိန်ခန့်မှာ နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုကြောင့်…

ထားဝယ်မှာ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများနိုင်

ထားဝယ်၊ နိုဝင်ဘာ ၂၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားနဲ့ ဖောင်တော်ဦးဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ထံက သိရပါတယ်။ တပ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တပ်ခွဲ(၂)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…