နောင်ချို – နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်မှာရှိတဲ့ လွင်ကြီး အကျဉ်းဦးစီးစခန်း၊ကျုအင်း အကျဉ်းဦးစီးစခန်း၊ဟိုခိုအကျဉ်းဦးစီးစခန်းနဲ့ ကုန်းစံ အကျဉ်းစီးစခန်း ၄ ခုက လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/ TNLA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း MA-11(၅၀) လက်၊MA-12(၉)လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.