ဘီးလင်း၊ နိုဝင်ဘာလ ၁၉

ဘီးလင်းမြို့နယ်အတွင်းက ရဲနဲ့အခြားဌာနဆိုင်ရာတွေရဲ့ မိသားစုဝင်တွေဟာ သက်ဆိုင်ရာဝန်ထမ်းလိုင်းခန်းတွေမှာ မနေရဲတော့ပဲ ပြင်ပမှာထွက်ပြီး နေထိုင်နေရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နိုဝင်ဘာလ ဒုတိယအပတ်လောက်ကတည်းကစပြီး လုံခြုံရေးအခြေအနေ အကြောင်းပြပြီး ဝန်ထမ်းလိုင်းခန်းတွေကနေ ပြောင်းရွှေ့ခိုင်းထားတာလို့ ဆိုပါတယ်။

အထူးသဖြင့် ဘီးလင်းမြို့မရဲစခန်း၊ တောင်စွန်းနယ်မြေရဲစခန်း၊ ဝင်းကနယ်မြေရဲစခန်းတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေရဲ့ မိသားစုတွေကို ပြောင်းခိုင်းထားပြီး အခြားဌာနဆိုင်ရာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီအဖွဲ့တွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဘက်တွေမှာ ယူနီဖောင်းဝတ်တွေနဲ့သာမက အရပ်ဝတ်တွေနဲ့ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းစုံစမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုလုံခြုံရေးစစ်ဆေးမှုတွေလုပ်ဆောင်နေပေမယ့် ဘီးလင်းမြို့နယ်ထဲမှာ မကြာခဏဆိုသလို စစ်ကောင်စီနဲ့ ပတ်သက်သူတွေ၊ ရဲတပ်သား၊ သတင်းပေး၊ဒလန်တွေ၊ ရဲစခန်းနဲ့စစ်ဆေးရေးဂိတ်တွေတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.