November 19, 2023

အတ္ထရံတံတား (ချောင်းနှစ်ခွ)တံတားကျိုးလို့ ဒေသခံတွေသွားလာရေးခက်ခဲနေ

ကျိုက်မရော၊ နိုဝင်ဘာလ ၁၉ ကျိုက်မရောမြို့နယ်ရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ)တံတား မိုင်းခွဲခံရပြီး တံတားကျိုးသွားလို့ သွားလာရေးခက်ခဲနေသလို ကားခတွေလည်းဈေးတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အတ္ထရံတံတားကျိုးမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက သံပုရာ၊ ဆိပ်ကြီးအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်နဲ့ ကျိုက်မရောမြို့နယ်ထဲက ချောင်းနှစ်ခွ၊ ပေါလော၊ မီးသွေးကုန်း၊ ကျောက်ကွဲရွာအပါအဝင် ကျေးရွာပေါင်း ၃၀ ခန့်က ဒေသခံတွေဟာ သွားလာဖို့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။…

ဘီးလင်းမှာ ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေ ပြင်ပမှာထွက်ပြီးနေထိုင်နေ

ဘီးလင်း၊ နိုဝင်ဘာလ ၁၉ ဘီးလင်းမြို့နယ်အတွင်းက ရဲနဲ့အခြားဌာနဆိုင်ရာတွေရဲ့ မိသားစုဝင်တွေဟာ သက်ဆိုင်ရာဝန်ထမ်းလိုင်းခန်းတွေမှာ မနေရဲတော့ပဲ ပြင်ပမှာထွက်ပြီး နေထိုင်နေရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နိုဝင်ဘာလ ဒုတိယအပတ်လောက်ကတည်းကစပြီး လုံခြုံရေးအခြေအနေ အကြောင်းပြပြီး ဝန်ထမ်းလိုင်းခန်းတွေကနေ ပြောင်းရွှေ့ခိုင်းထားတာလို့ ဆိုပါတယ်။ အထူးသဖြင့် ဘီးလင်းမြို့မရဲစခန်း၊ တောင်စွန်းနယ်မြေရဲစခန်း၊ ဝင်းကနယ်မြေရဲစခန်းတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေရဲ့ မိသားစုတွေကို ပြောင်းခိုင်းထားပြီး အခြားဌာနဆိုင်ရာတွေလည်းပါဝင်တယ်လို့…

တစ်နိုင်ငံလုံးစစ်ဆင်ရေး ပထမအဆင့် အကောင်အထည်ဖော်နေတယ်လို့ ညီ‌နောင်သုံးဖွဲ့ အသိပေး

ကိုးကန့် ၊ နိုဝင်ဘာ ၁၉ စစ်ကောင်စီကို အပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ‘Nationwide Operation’ အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေး ပထမအဆင့် အကောင်အထည် ဖော်နေတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့က အသိပေးထားပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ချင်းနဲ့ ကယား ပြည်နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို…

ရတခ တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်မှာ လုံခြုံရေးအထူးတင်းကျပ်ထား

မော်လမြိုင် ၊ နိုဝင်ဘာ ၁၉ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီအရှေ့တောင်တိုင်း စစ်ဌာနချုပ် ရတခ တိုက်ခိုက်ခံရ ပြီးနောက် မော်လမြိုင်မြို့ကို လုံခြုံရေးအထူးတင်းကျပ်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းက ရတခ ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ ကျင်းပချိန် ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဒရုန်းလာရာလမ်းကြောင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့…

KNU နယ်မြေမှာ စခန်းသိမ်းတိုက်ပွဲတွေစတင်

ကော်သူးလေ – နိုဝင်ဘာ ၁၉ လူထုတိုက်ပွဲဆင်နွှဲကြောင်းကြေညာပြီးနောက် KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရင်းနဲ့ စခန်းသိမ်းတိုက်ပွဲတွေ စတင်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေခံနေရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က KNU အနေနဲ့ လူထုတိုက်ပွဲဖော်ဆောင်မယ်လို့ အသိပေးချိန်မှာပဲ စစ်ကောင်စီ ခမရ ၃၅၁…

သထုံမှာ စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေစိုးရိမ်မှုတွေရှိနေ

သထုံ – နိုဝင်ဘာ ၁၉ မွန်ပြည်နယ်၊ သထုံမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေညပိုင်းကစပြီး စစ်ကောင်စီဘက်က သထုံမြို့ပြင်အထွက် ဝါးပါးဆည်နားက အမြှောက်တပ်နဲ့ တပ်ရင်းတွေကနေ လက်နက်ကြီး ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေကို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဘက်…