FILE PHOTO: Ukraine's President Volodymyr Zelenskiy visits an artillery training centre, amid Russia's attack on Ukraine, at an undisclosed location in Ukraine November 3, 2023. Ukrainian Presidential Press Service/Handout via REUTERS/File photo

ကိဗ်၊ နိုဝင်ဘာ ၁၄

ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားရဲ့ တိုက်ခိုက်မှုအသစ်တွေအတွက် ပြင်ဆင်ထားဖို့ ယူကရိန်း သမ္မတ ဇီလန်းစကီးက သတိပေးခဲ့ပြီး ရုရှားတပ်ဖွဲ့တွေဟာ စစ်ပွဲရဲ့ အရှေ့ဘက် စစ်မြေပြင်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းမြို့ အင်ဗီဒီကာကို ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက လျှော့ နည်းလာခဲ့ပြီး မကြာခင်ရက်ပိုင်းအတွင်း ပြင်းထန်လာဖွယ်ရှိတယ်လို့ စစ်ဘက် ၏ပြောခွင့် ရှိသူ တစ်ဦးက ဆိုထားပါတယ်။

မြို့တော်ကိဗ်ကို ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်တစ်ရက်အကြာမှာပဲ ဇီလန်းစကီးက သူ့ရဲ့ ညစဉ်ရုပ်သံ မိန့်ခွန်းမှာ သတိပေးခဲ့တာပါ။

“ကျွန်ုပ်တို့အားလုံးဟာ နိုဝင်ဘာလရဲ့ လမ်းတစ်ဝက်နီးပါး ဖြတ်ကျော်ပြီးနေပြီဖြစ်ကာ၊ ကျွန်ုပ်တို့ ရဲ့ အခြေခံအဆောက်အအုံတွေကို ရန်သူရဲ့ ဒရုန်း ဒါမှမဟုတ် ဒုံးကျည်တိုက်ခိုက်မှု အကြိမ်ရေ တိုးလာနိုင်တဲ့အတွက် ပြင်ဆင်ထားရမယ်” လို့ သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် “ရုရှားက ယူကရိန်းအတွက် ပြင်ဆင်နေတယ်။ ဒီမှာတော့ ဆောင်းရာသီကို ဖြတ်ကျော် နိုင်ဖို့ ယူကရိန်းက လုပ်လို့နိုင်တဲ့ အရာမှန်သမျှတွေနဲ့ အကြမ်းဖက်သမားတွေကို တုံ့ပြန်ဖို့နဲ့ စစ်သားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ယူကရိန်းမှာ ကာကွယ်ရေးကို အာရုံစိုက်သင့်တယ်” လို့ သမ္မတဇယ်လန်းစကီးက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီက ရုရှားဟာ ယူကရိန်းဓာတ်အားပေးစက်ရုံတွေနဲ့ စွမ်းအင်ကွန်ရက်ချိတ် ဆက်ထားတဲ့ တခြားစက်ရုံတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ် ခဲ့တာပါ။

ယူကရိန်းမှာ ဆောင်းရာသီကို ဖြတ်သန်းဖို့ လုံလောက်တဲ့ စွမ်းအင်အရင်းအမြစ်တွေရှိပေမယ့် တိုက်ခိုက်မှုတွေဟာ ထောက်ပံ့ရေးပစ္စည်းတွေအပေါ် ဘယ်လောက်အကျိုးသက်ရောက်နိုင် သလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီး ဂျာမန်ဂဲလုရှန်ကာက ဆိုပါတယ်။

မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ရုရှားဟာ ယူကရိန်းရဲ့ အခြေခံအဆောက် အအုံတွေ အပေါ် တိုက်ခိုက်မှုအကြိမ် ၆၀ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ဆိုထားပြီး စစ်ဆင် ရေး စတင်နေတာကို ညွှန်ပြနေတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မြေပြင်တိုက်ခိုက်ခံရမှု အရေအတွက်ဟာ အစောပိုင်းကတိုက်ခိုက်မှုရဲ့ ထက်ဝက်ဖြစ်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တယ်လို့ စစ်ဘက်ပြောခွင့်ရ အိုဇန်ဒါး ရှတူပွန်က ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ပိုမိုတက်ကြွစွာတိုက်ခိုက်ပြီး ဆုံးရှုံးသွားတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းမြေပြင်တပ်ဖွဲ့အကြီးအကဲက သတိပေးထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.