November 13, 2023

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ဟန့်တားဖို့ ကန်နဲ့တောင်ကိုရီးယားတို့ ပြန်လည်ပြင်ဆင်

ဆိုးလ်၊ နိုဝင်ဘာ ၁၄ မြောက်ကိုရီးယားရဲ့ တိုးလာနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ အတွက် နှစ်နိုင်ငံ လုံခြုံံရေးသဘောတူညီချက် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဆွေးနွေးမှုအတွင်း ဒီလိုသဘောတူညီ ခဲ့ကြတာလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ နျူလက်နက် ခြိမ်းခြောက်မှုတွေအား တန်ပြန်ဖို့ ရည်ရွယ်ထားတဲ့ တိကျတဲ့…

တရုတ်ရဲတပ်ဖွဲ့ကို နိုင်ငံအတွင်း ကင်းလှည့်ခွင့်ပြုမယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊နိုဝင်ဘာ ၁၄ ထိုင်းနိုင်ငံအတွင်း တရုတ်ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတချို့မှာ တရုတ်ရဲတပ်ဖွဲ့တွေ ကို ကင်းလှည့်ခွင့်ပြုသွားဖို့ ထိုင်းအစိုးရက စီစဉ်နေပြီး အဲဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အချုပ် အခြာအာဏာပိုင်ကိစ္စရပ်တွေအပေါ် ပူပန်တာနဲ့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုကို ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်၊အကြီးတန်းရဲအရာရှိနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်တို့ ဆွေးနွေးပြီးနောက် ကိုဗစ်မတိုင်က အမြင့်ဆုံးအရေအတွက်နဲ့ လာရောက်လေ့ရှိတဲ့ တရုတ်ခရီးသွားတွေကို ပြန်လည်ဆွဲဆောင်ဖို့ ဖြစ်တယ်လို့…

ဆောင်းရာသီတိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ ယူကရိန်းသမ္မတ သတိပေး

ကိဗ်၊ နိုဝင်ဘာ ၁၄ ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားရဲ့ တိုက်ခိုက်မှုအသစ်တွေအတွက် ပြင်ဆင်ထားဖို့ ယူကရိန်း သမ္မတ ဇီလန်းစကီးက သတိပေးခဲ့ပြီး ရုရှားတပ်ဖွဲ့တွေဟာ စစ်ပွဲရဲ့ အရှေ့ဘက် စစ်မြေပြင်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမြို့ အင်ဗီဒီကာကို ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက လျှော့ နည်းလာခဲ့ပြီး မကြာခင်ရက်ပိုင်းအတွင်း ပြင်းထန်လာဖွယ်ရှိတယ်လို့ စစ်ဘက် ၏ပြောခွင့် ရှိသူ…

ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ အညံ့ခံ

ကျိုက်မရော၊ နိုဝင်ဘာ ၁၃ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ အနက် ၂၃ ဦး လက်နက်ချအညံခံခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဘားအံအခြေစိုက် တပ်မ ၂၂…

ပခုက္ကူက စစ်ရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ပခုက္ကူ – နိုဝင်ဘာ ၁၃ မကွေးတိုင်း၊ပခုက္ကူမြို့နယ်ကို စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းထိုးလာတာကြောင့် ထွက် ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပခုက္ကူ ပ.အ.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ယောဒေက ပြန်လာတဲ့ စစ်ကောင်စီရဲ့ အစီးရေ ၇၀ ကျော်ပါတဲ့ ယာဉ်တန်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ လမ်းတလျှောက်က ကျေးရွာတွေကို မွှေနောက်မီးရှို့…

ချောင်းနှစ်ခွရဲစခန်းနဲ့တံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

ကျိုက်မရော၊ နိုဝင်ဘာ ၁၃ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့တံတား ဂိတ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ အမည်မ ဖော်လိုတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ အဲဒီစခန်းနှစ်ခုကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့…

ရခိုင်တိုက်ပွဲပထမရက်မှာ စစ်ကောင်ရဲ့ နယ်ခြားစောင့်စခန်းတွေကို AAသိမ်းပိုက်၊ စစ်ကောင်စီအရာရှိအချို့ကိုပါ ဖမ်းမိ

စစ်တွေ- နိုဝင်ဘာ ၁၃ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ စတင်လိုက်တဲ့ ရခိုင်စစ်ပွဲပထမဆုံးရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA)က ရသေ့တောင်နဲ့ မောင်တောနယ်ခြားစောင့်စခန်းအပါအဝင် စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်လိုက်ပြီး စစ်တပ်အရာရှိတချို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ “ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မှာ မောင်တောနယ်ခြားစောင့်တပ်ကို သိမ်းပိုက်ရမိတယ်လို့ ကျွန်တော်တို့ မြေပြင်အေ ခြအနေတွေအရ…

ကျောက်ထုအမြောက်တပ်က စစ်အရာရှိတစ်ဦး လက်နက်နဲ့ အလင်းဝင်လာ

ကျောက်ထု – နိုဝင်ဘာ ၁၃ မကွေးတိုင်း၊ကျောက်ထုအမြောက်တပ်က စစ်တပ်အရာရှိတစ်ဦးဟာ Yaw Revolution Army ကို စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆုငွေသိန်း ၅၀ ချီးမြင့်လိုက်တယ်လို့ YRA က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊၁၆၊၁၇)-YRA ထီးလင်းကို လက်နက်ခဲယမ်းတွေနဲ့…