November 12, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ရှစ်မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာ

မော်လမြိုင် – နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ပြီလို့ စစ်ကောင်စီကဒီနေ့ နိုဝင်ဘာ ( ၁၂)ရက်နေ့ မှာ ဝါဒဖြန့်ရုပ်သံသတင်းတွေကနေ ကြေညာလိုက်ပါတယ်။ အဲဒီသတင်းတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ယနေ့(နိုဝင်ဘာ ၁၂ ရက်)မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အဲဒီမြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်တာပါ။…

တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၅၅,၀၀၀ ကျော်အထိ ထပ်တိုးလာ

တနင်္သာရီ၊ နိုဝင်ဘာ ၁၂ တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၅၅,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူ ၄၅,၀၀၀ ကျော်ရှိနေပြီး အောက်တိုဘာလအတွင်း စစ်ရှောင်တစ်သောင်းကျော် ထပ်တိုးလာတဲ့အတွက်…

ကယားပြည်နယ်(ကရင်နီ)မှာ စခန်းသိမ်းတိုက်ပွဲတွေစတင်

လွိုင်ကော်၊ နိုဝင်ဘာ ၁၂ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကယားပြည်နယ်(ကရင်နီ)မှာ စခန်းသိမ်း တိုက်ပွဲတွေ စတင်ဆင်နွှဲနေတာပါ။ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ကယားပြည်နယ်ရှိ မြို့တော်လွိုင်ကော်အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။…

နိုင်ငံအနှံ့စခန်းသိမ်းတိုက်ပွဲတွေကြောင့် မွန်ပြည်နယ်မှာ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

မော်လမြိုင်၊ နိုဝင်ဘာ ၁၂ နိုင်ငံနေရာအနှံ့က တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ မြို့ နယ်အများစုမှာ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ ကျိုက်မရောနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ထားသလို ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေတာပါ။…

သထုံမှာလက်နက်ကြီးကျလို့ အရပ်သား ၂ ဦး သေဆုံးပြီး၂ ဦးဒဏ်ရာရ

သထုံ၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပိန္နဲတောကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။…

ချောင်းနှစ်ခွမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေ

ကျိုက်မရော၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ချောင်းနှစ်ခွကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ ဒီနေ့ နိုဝင်ဘာ ၁၁…