မတူပီ – နိုဝင်ဘာ ၆
ချင်းပြည်နယ်၊ မတူပီမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၁၄၀ မှ တပ်သား ၂ ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ CDF မတူပီ က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားနှစ်ဦးဟာ MA-1 တစ်လက်၊ ကျည် -၁၃၄ တောင့်၊ကျည်ဘောက် အပို ၅ ခုနဲ့အတူအလင်းဝင်လာတာပါ။
အလင်းဝင်ရောက်လာသူတွေဟာ ရဲဘော် ဉာဏ်လင်းအောင်နဲ့ ရဲဘော် မျိုးလင်းဦးတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDF မတူပီရဲ့ ကြေညာချက်အမှတ် ၉/၂၀၂၁ စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အပိုဒ် ၂ အရ လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ ရဲဘော် ၂ ဦးကို ဆုငွေ သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CDF – မတူပီ