သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “စစ်တပ်၏မည်သည့်တပ်ရင်းမှ လက်နက်ချခြင်းမရှိဘဲ သတင်းဌာနအချို့က ကွမ်လုံနယ်မြေ ခလရ ၁၄၃ လက်နက်ချသည်ဟု မဟုတ်မမှန် သတင်းလွှင့်ခြင်းဖြစ်“ဆိုတဲ့ သတင်းအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို နိုဝင်ဘာလ၃၀ရက်နေ့က Kyaw Swar, ဟန်ငြိမ်းဦးစတဲ့ စစ်ကောင်စီ လော်ဘီတွေ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ရေး သားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၃ တပ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သား ၄၀ကျော်ပါတဲ့ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံကို အောက်တိုဘာ ၃၀ရက်နေ့က လက်နက်ချ ပူးပေါင်းလာခဲ့တာဖြစ်တာကို The kokangအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

လက်နက်ချတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၄၃ ဟာ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးနှစ်ဦး အပါအဝင် စစ်သည်အင်အား ၄၁ ဦး ဖြစ်ပါတယ်။

သူတို့ဟာ လက်နက်ချမယ့်အကြောင်း မြောက်ပိုင်း မဟာ မိတ်အဖွဲ့ကို အောက်တိုဘာ ၂၈ ရက်နေ့ ကတည်းက အကြောင်းကြားလာပြီး ၃၀ ရက်နေ့မှာ လက် နက်ချတာဖြစ်တယ်လို့ ကိုးကန့်တပ်မတော် (MMDAA) ပြန်ကြားရေးတာဝန်ခံ လီကျာဝင်း (ခေါ်) ကိုရန်နိုင်ရဲ့ ဖြေကြားချက်ကို RFA သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ စိစစ်တွေ့ရှိရပါတယ်။

The Kokangအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/dmvJ0

RFAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/wEX09

Myanmar Now သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/gpvMS

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” စစ်တပ်၏ မည်သည့်တပ်ရင်းမှ လက်နက်ချခြင်းမရှိဘဲ သတင်းဌာန အချို့က ကွမ်လုံနယ်မြေ ခလရ ၁၄၃ လက်နက်ချသည်ဟု မဟုတ်မမှန်သတင်းလွှင့်ခြင်း ဖြစ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.