ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂)ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့ မ နက်အစောပိုင်းကစပြီး KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင် စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
တိုက်ပွဲအတွင်း နေအိမ်အချို့ လက်နက်ကြီးထိမှန်ပျက် စီးခဲ့သလို အရပ်သားအချို့ ထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကြာအင်းဆိပ်ကြီးမှာ အခြေအနေက သိပ်မကောင်းဘူး။ အခုအထိ ချနေကြတုန်းပဲ။ လက်နက်ကြီးထိလို့ နေအိမ်တွေ ပျက်စီးတာရှိတယ်။ လက်ရှိအိမ်အခြေအနေက တော့ အိမ်ခေါင်မိုးတွေလက်နက်ကြီးကျလို့ပေါက်ကုန်ပါပြီ” လို့ ဒေသခံတွေက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးတိုက်ပွဲကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်းပိုင်းမှာ သွားလာနေတဲ့ပြည်သူတွေအနေနဲ့ လတ်တလောမှာ သွားလာတာတာတွေ မပြုလုပ်ကြဖို့ ဒေသခံတွေပြည်သူတွေကလည်း အသိပေးထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ