ဘန်ကောက်၊ နိုဝင်ဘာ ၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နေရာ ၂၁ ခုကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရိုက ဝင်ရောက်စီးနင်းပြီးနောက် အွန်လိုင်းငွေကြေး လိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ လူပေါင်း၂၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပြီး ဘတ်တန်ဖိုး ၂၈ သန်းရှိတဲ့ Crypto ငွေကြေးတွေ၊ ဘတ်တန်ဖိုးတစ်သိန်းရှိတဲ့ ငွေသားတွေ၊ ဘဏ်စာအုပ် ၂၃ အုပ်၊ ဆဲလ်ဖုန်း ၂၁ လုံးနဲ့ ဆင်းမ်ကတ် ၁၉ ကတ်အပြင် အခြားဆက်စပ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
အဲဒီအွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းဟာ Aurora အမည်နဲ့ ရွှေဆိုင်ဖွင့်လှစ်ကာ အတိုးနှုန်းမြင့်မားပြီး အမြန်ပြန်ရ နိုင်တယ်ယ်လို့ ကတိတွေပေးခဲ့တာပါ။
ဒါ့အပြင် လူပေါင်းများစွာကို ရွှေကုန်သွယ်ရင်းနှီး မြှုပ်နှံမှုပြုလုပ်နိုင်မယ်ဆိုပြီး လိမ်လည်ခဲ့ကြတာဖြစ်တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောကြားထားပါတယ်။
ဒီလုပ်ငန်းကိုလူတွေ ပိုမိုရင်းနှီးမြှုပ်နှံစေဖို့အတွက် အစောပိုင်းမှာ အတုအယောင် အကျိုးအမြတ်တွေကို ပေးထားပြီး နောက်ပိုင်းမှာ မိမိငွေရင်းတွေကို ပြန်ယူဖို့ကြိုးစားတဲ့အခါမှာ အခက်အခဲတွေအများကြီး ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးမှုအတွင်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတန်ဖိုးမှာ ဘဏ်အကောင့်တွေအတွင်း လည်ပတ်နေတဲ့ ငွေကြေးတွေအပါအဝင် ဘတ်ငွေ ၁ ဒသမ၂ သန်းနီးပါး ရှိမယ်လို့ ထိုင်းနိုင်ငံစုံစမ်းစစ်ဆေးရေးဗျူရိုက ပြောကြားထားပါတယ်။
Ref – Thai PBS World