This image grab taken from AFPTV video footage shows Palestinians checking the destruction in the aftermath of an Israeli strike on the Jabalia refugee camp in the Gaza Strip, on November 1, 2023, amid ongoing battles between Israel and the Palestinian Hamas movement. - Thousands of civilians, both Palestinians and Israelis, have died since October 7, 2023, after Palestinian Hamas militants based in the Gaza Strip entered southern Israel in an unprecedented attack triggering a war declared by Israel on Hamas with retaliatory bombings on Gaza. (Photo by AFP)

ဂျီနီဗာ၊နိုဝင်ဘာ ၃

ဂါဇာကမ်းမြောင်ဒေသရှိ အကြီးဆုံး ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးက နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဂါဇာရှိ ဟားမတ်စ်အစိုးရမီဒီယာရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ဖော်ပြချက်အရ အဲဒီဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပါလက်စတိုင်းသား ၁၉၅ ဦးထက်မနည်းသေဆုံးပြီး အပျက်အဆီးတွေအောက်မှာ ပျောက်ဆုံးနေသူ ၁၂၀ ကျော်ရှိကာ ဒဏ်ရာရသူ ၇၇၇ ဦးရှိတယ်လို့ ဖော်ပြပါတယ်။

အရပ်သားသေဆုံးမှု အရေအတွက်နဲ့ ထိခိုက်ပျက်ဆီးမှု အခြေအနေတွေအရ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။

အစ္စရေးဟာ သူတို့နိုင်ငံရဲ့ ရာဇဝင်မှာ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုကို အောက်တိုဘာ  ၇ ရက်နေ့က ကြုံခဲ့ရပြီးနောက်ပိုင်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးသူ ၉၀၀၀ နီးပါးအထိ ရှိလာပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ခင်းနေကြတဲ့ အဖွဲ့တွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပေမယ့် အရပ်ဘက်ပစ်မှတ်တွေကိုတော့ အထူးသတိထားရှောင်ရှားကြဖို့လိုတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အရပ်ဘက်အဆောက်အဦးတွေကို တမင်တကာ တိုက်ခိုက်တာ၊အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးစေတာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ သတ်မှတ်ထားကြတာပါ။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.