မော်လမြိုင် – နိုဝင်ဘာ ၂
မြန်မာသတင်းသမားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ရေး တက်စွမ်းသမျှ ဖိအားပေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေး ကြဖို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) က တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာကျရောက်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်မှု အဆုံးသတ်ရေး နိုင်ငံတကာနေ့ ထုတ်ပြန် ချက်မှာ တောင်းဆိုထားတာပါ။
“သတင်းသမားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေလုပ်နေတာတွေက ဒီအတိုင်းပြီးသွားမှာ မဟုတ်ဘူး။ စစ်ကောင်စီခေါင်းဆောင်တွေအပါအဝင် လက်တွေ့ဖိနှိပ်မှုလုပ်တဲ့လူတွေကိုတော့ နိုင်ငံတကာ ဥပဒေတွေနဲ့ အပြစ်ပေးအရေးယူရမှာဖြစ်တယ်” လို့ BNI ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီဖြစ်စဉ်တွေကို မှတ်တမ်းတင် လုပ်ဆောင် ပေးကြဖို့ လိုတယ်လို့ သူက ပြောပါသေးတယ်။ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း BNI အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ DMG မီဒီယာရဲ့ စစ်တွေအခြေစိုက်ရုံးကို ဝင်ရောက်စီးနင်းပြီး ရုံးစောင့်တစ်ဦး၊ သတင်း ထောက်တစ်ဦးနဲ့ ရုံးသုံးပစ္စည်းတွေကို သိမ်းယူသွားပြီး သတင်းဌာနရုံးခန်းကိုလည်း ချိပ်ပိတ် သွားခဲ့တာပါ။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ် မှာ သတင်းသမားတွေကို ထောင်ချရမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ဒီအဖြစ်အပျက်တွေဟာ စစ်ကောင်စီက ဥပဒေကို လျစ်လျူရှုလို့ပဲဖြစ်ဖြစ် ဥပဒေကို လက်တ ခြား လုပ်လို့ပဲဖြစ်ြဖစ် မြန်မာနိုင်ငံကသတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီကျူးလွန်မှုတွေအတွက်လည်း သူတို့က အပြစ်ပေးအရးယူမှုခံရတာ ဘာတစ်ခုမှ မရှိနေသေးဘူးလို့ “ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက သတင်းသတင်းတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အကြမ်းဖက်ဖိနှိပ်တာ၊ဥပဒေတွေကို အသုံးပြုပြီး နှောက်ယှက်စော်ကားတာတွေပါဝင် နေပြီး သတင်းလွတ်တပ်ခွင့်ကိုလည်း ဥပဒေတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကန့်သတ်ထိန်းချုန်းထားတယ် လို့ သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၅၀ ကျော်ဖမ်းဆီးခံရပြီး ၇၀ ကျော်ထိန်းသိမ်းခံထားရသလို သတင်းဌာနတွေလည်း လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။
နိုင်ငံတကာမြန်မာ့သတင်း(BNI) ကို တိုင်းရင်းသားအခြေစိုက်နဲ့ နယ်မြေအခြေစိုက် သတင်းဌာန ၁၅ ခုနဲ့ စုဖွဲ့ထားထားတာဖြစ်ပါတယ်။
သတင်းသံလွင်တိုင်းမ်
ဓာတ်ပုံ – Getty Image
ပုံစာအညွန်း- Myanmar Now သတင်းဌာန
သတင်းထောက်တစ်ဦး စစ်အာဏာရှင် ဆန့်ကျင်ကြောင်းဆန္ဒပြပွဲ သတင်းယူရင်း ဖမ်းဆီးခံရစဉ်။