ကိုးကန့် ၊ နိုဝင်ဘာ(၂)

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို နိုဝင်ဘာ ၂ ရက်နေ့ မနက် ၆ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်မီဒီ ယာက ထုတ်ပြန်ပါတယ်။

MNDAA ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ ကိုးကန့်မီဒီယာကနေ ထုတ်ပြန်လာတဲ့ ဗီဒီယိုမှတ် တမ်းအရ သိမ်းပိုက်ရရှိခဲ့တဲ့စခန်းအတွင်း မြောက်များစွာသော လက်နက်ခဲယမ်းတွေနဲ့ စစ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာ ၁ ရက်နေ့မှာလည်း MNDAA က တုန်ရှမ်းဒေသ မန်တုံပရှိ စစ်ကောင်စတပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ချေ မှုန်းနိုင်ခဲ့သလို စစ်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိထားတာပါ။

စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တအာင်းတပ်မတော် TNLA ကလည်း ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ တပ်မဟာ ၂ စစ်ဒေသ နောင်ချို့မြို့နယ် ရွှေညောင်ပင်ရွာနဲ့ အုမ္မတီးရွာကြားမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

MNDAA၊ TNLA နဲ့ AA တို့ရဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ၁၀၂၇စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၈၇ ခု သိမ်းပိုက်ထားသလို ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တို့ကို အလုံးစုံထိန်းချုပ်ထားတယ်လို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.