FILE PHOTO: The North Korean flag flutters at the North Korea consular office in Dandong, Liaoning province, China April 20, 2021. Picture taken April 20, 2021. REUTERS/Tingshu Wang

ပြုံယမ်း၊နိုဝင်ဘာ ၃

မြောက်ကိုရီးယားအစိုးရဟာ စပိန်၊ဟောင်ကောင်နဲ့ အာဖရိကနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှာ ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ သံရုံးတွေကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ သံရုံးတွေပိတ်သိမ်းမှုဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ပြည်ပဝင်ငွေရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ အဓိက သက်ဆိုင်နေရတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယားသံတမန်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း အန်ဂိုလာနဲ့ယူဂန်ဒါခေါင်းဆောင်တွေကို လမ်းခွဲတဲ့ခရီးစဉ်အဖြစ် သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အန်ဂိုလာနဲ့ယူဂန်ဒါနှစ်နိုင်ငံလုံးဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ တည်ဆောက်ရေး စီမံကိန်းအတွက် နိုင်ငံခြားငွေကို ရှားရှားပါးပါးထောက်ပံ့ပေးတာနဲ့အတူ ၁၉၇၀ ခုနှစ်ကတည်းက သံတမန်ရေး ရှိနေတာပါ။

မြောက်ကိုရီးယားရဲ့ သံရုံးတွေ ပိတ်သိမ်းမှုဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး နိုင်ငံခြားရေးပေါ်လစီ လှုပ်ခတ်မှုတစ်ခု ဖြစ်လာနိုင်ပြီး သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ တရားမဝင်ငွေတွေ ထုတ်ပေးနိုင်မှုစတဲ့ ဂယက်တွေ ထစေနိုင်တယ်လို့ မြောက်ကိုရီးယားအရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ သံရုံးဒါဇင်နဲ့ချီပိတ်မယ့် အစီအစဉ်ဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ဖြစ်နိုင်ပြီး ကမ္ဘာနဲ့ မစေ့စပ်နိုင်တဲ့အတွက် ပြုံယမ်းရဲ့ အခြေအနေနဲ့ အားနည်းလာတဲ့ နိုင်ငံ့စီးပွားရေးကိုပြသတာဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးအစီအစဉ်တွေကို ရန်ပုံငွေဖြတ်တောက်တဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ဒီအကျိုးဆက်ကို ဖြစ်ပေါ်စေတာလို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံပေါင်း ၁၅၉ နိုင်ငံမှာ တရားဝင် သံတမန်ရေးဆက်ဆံရေးရှိပေမယ့် ကောင်စစ်ဝန်ရုံး သုံးခုနဲ့ ကိုယ်စားလှယ်ရုံးသုံးခု အပါအဝင် အန်ဂိုလာ၊ ယူဂန်ဒါတို့မှာရှိတဲ့ သံရုံးတွေကို ပိတ်လိုက်တဲ့အတွက် ပြည်ပသံတမန် ၅၃ ခုသာ ကျန်တော့တာ ဖြစ်ပါတယ်။

စပိန်ကွန်မြူနစ်ပါတီရဲ့ဝက်ဘ်ဆိုဒ် သတင်းထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသံရုံးပိတ် သိမ်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့မှာ ကြေညာချက်စာတစ်စောင် ထုတ်ပြန်ပါတယ်။  

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.