November 2, 2023

အွန်လိုင်းငွေလိမ်မှုနဲ့ဆက်စပ်တဲ့ သံသယရှိသူ ၂၆ ဦးကို ထိုင်းရဲဖမ်းဆီး

ဘန်ကောက်၊ နိုဝင်ဘာ ၃ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နေရာ ၂၁ ခုကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရိုက ဝင်ရောက်စီးနင်းပြီးနောက် အွန်လိုင်းငွေကြေး လိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ လူပေါင်း၂၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပြီး ဘတ်တန်ဖိုး ၂၈ သန်းရှိတဲ့ Crypto ငွေကြေးတွေ၊ ဘတ်တန်ဖိုးတစ်သိန်းရှိတဲ့ ငွေသားတွေ၊ ဘဏ်စာအုပ် ၂၃ အုပ်၊…

အစ္စရေးရဲ့ ဂါဇာဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလပြော

ဂျီနီဗာ၊နိုဝင်ဘာ ၃ ဂါဇာကမ်းမြောင်ဒေသရှိ အကြီးဆုံး ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးက နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဂါဇာရှိ ဟားမတ်စ်အစိုးရမီဒီယာရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ဖော်ပြချက်အရ…

ကမ္ဘာတဝှမ်းရှိ မြောက်ကိုရီးယားသံရုံး အများအပြား ပိတ်သိမ်းမယ်

ပြုံယမ်း၊နိုဝင်ဘာ ၃ မြောက်ကိုရီးယားအစိုးရဟာ စပိန်၊ဟောင်ကောင်နဲ့ အာဖရိကနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှာ ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ သံရုံးတွေကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ သံရုံးတွေပိတ်သိမ်းမှုဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ပြည်ပဝင်ငွေရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ အဓိက သက်ဆိုင်နေရတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယားသံတမန်တွေဟာ…

သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ BNI တောင်းဆို

မော်လမြိုင် – နိုဝင်ဘာ ၂ မြန်မာသတင်းသမားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ရေး တက်စွမ်းသမျှ ဖိအားပေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေး ကြဖို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) က တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာကျရောက်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်မှု…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသည်ကား တိုက်ခိုက်ခံရပြီး ၈ ဦး ဒဏ်ရာရ

မော်လမြိုင် – နိုဝင်ဘာ ၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ခရီးသည်ကား တစ်စီး တိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ “အောင်ကျော်မိုး”အဝေးပြေးယာဉ်လိုင်းရဲ့ ခရီးသည်တင်မှန်လုံယာဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ ကျိုက်ထိုကနေ မော်လမြိုင်သို့…

NUG နဲ့ ကနေဒါအစိုးရတို့ တွေ့ဆုံ

မော်လမြိုင် – နိုဝင်ဘာ ၂ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတအကြံပေးနဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့ဟာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်၊ASEAN Five Points Consensus အကောင်အထည် ဖော်မှု၊ စစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေးစတဲ့…

တုန်ရှမ်းဒေသက စစ်ကောင်စီစခန်းနှစ်ခု MNDAA သိမ်းပိုက်

ကိုးကန့် ၊ နိုဝင်ဘာ(၂) ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို နိုဝင်ဘာ ၂ ရက်နေ့ မနက် ၆ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်မီဒီ ယာက ထုတ်ပြန်ပါတယ်။ MNDAA ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ ကိုးကန့်မီဒီယာကနေ ထုတ်ပြန်လာတဲ့ ဗီဒီယိုမှတ်…

မြို့ သုံးမြို့ အသိမ်းခံရတယ်လို့ စစ်ကောင်စီ ဝန်ခံ

မော်လမြိုင် – နိုဝင်ဘာ ၂ ရှမ်းပြည်နယ်မြောက်ပိုင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင် စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောခဲ့တာပါ။ “ဒီအချိန်မှာတော့ ကျနော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊…