ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
မော်လမြိုင်၊ အောက်တိုဘာ (၁၀) အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ လက်ထောက်ဖြစ်သူ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရား ရုံးကနေ နှစ်နှစ်ဆယ်ကာလနဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ လူယုံဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊…