ကံပေါက်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံး ရပ်နားသွားလို့ ဒေသခံတွေအခက်ကြုံနေရ
ရေဖြူ၊ အောက်တိုဘာ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံးရပ်နားသွားတာကြောင့် ငွေသွင်း၊ငွေလွှဲတာနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကံပေါက်ဒေသမှာ သမဝါယမဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တို့ ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ သမဝါယမဘဏ်က စစ်တပ်အာဏာသိမ်းပြီးနောက် ပိတ်သွားခဲ့သလို နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ကလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့မှာ လုပ်ငန်းရပ်နားလိုက်တာပါ။ ကမ္ဘာ့ရတနာဘဏ်ဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြောင့်…