နယူးဒေလီ၊အောက်တိုဘာ(၃၁)
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိခဲ့တဲ့အတွက် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာ ၃၀ ရက်နေ့မှာ အတည်ပြုပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ အန်ဒရာ ဘရာဒတ်ပြည်နယ်က အလန်မန်ဒါနဲ့ ကန်တာကပ် ပလယ်မြို့နှစ်မြို့ကြားမှာ ခရီးသည်တင်ရထားတစ်စင်း အရှိန်လွန် တိုက်မိရာကနေ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။
အဲဒီမတော်တဆမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေအရ လူလုပ်တဲ့ အမှားအယွင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မီးရထားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ခရီးသည်စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၅၀ ဝန်းကျင်က ဒဏ်ရာရရှိခဲ့ပါတယ်၊ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ဒေသအစိုးရထိပ်တန်းအရာရှိ တစ်ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ရထားလမ်းကွန်ရက်တွေထဲက တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း ဘေးအန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရကာ အဆိုးဆုံးမှာ ၁၉၈၁ ခုနှစ်က ဘီဟာပြည်နယ်ရှိ တံတားတစ်ခုကို ဖြတ်ကူးစဉ် ရထားလမ်းချော်မှုကြောင့် လူ ၈၀၀ လောက် သေဆုံးထားပါတယ်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက နိုင်ငံရဲ့ မီးရထားဝန်ကြီးနဲ့ ရထားလမ်းချော်ခဲ့မှုကို စကားပြောဆိုခဲ့ပြီး အာဏာပိုင်တွေက ထိခိုက်နစ်နာသူတွေကို တက်နိုင်တဲ့ အကူအညီတွေပေးနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အိုဒီရှားပြည်နယ်မှာ ရထားသုံးစင်းတိုက်မိပြီး လူ ၃၀၀ နီးပါး သေဆုံးထားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။
Ref:AFP