People check the wreckage of a destroyed building in the aftermath of Israeli bombing in Rafah in the southern Gaza Strip on October 28, 2023. - Since the October 7 Hamas attack on Israel, the health ministry in the Palestinian enclave said more than 7,300 Palestinians have been killed by Israel's relentless retaliatory bombardments, mainly civilians and many of them children. (Photo by SAID KHATIB / AFP)

ဂါဇာ၊အောက်တိုဘာ(၃၁)

အစ္စရေးရဲ့ မြေပြင်ထိုးစစ်ကြောင့် ဒုက္ခသည်တွေ များပြားနေတဲ့ ဂါဇာဒေသကို ထောက်ပံ့ရေး ယာဉ်တန်းတွေ စတင်ဝင်ရောက်ခွင့်ရရှိနေပြီလို့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူတွေက ပြောပါတယ်။

အစ္စရေးဘက်က ထောက်ပံ့မှုအနည်းငယ်ကိုသာ ခွင့်ပြုထားပေမယ့် အောက်တိုဘာ၂၉ ရက်နေ့မှာတော့ ရေ၊အစားအသောက်နဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၃၃ စီးဟာ အီဂျစ်နိုင်ငံရဲ့ နယ်စပ်တစ်ခုကနေ ဝင်ရောက်လာနိုင်ခဲ့တယ်လို့ ရာဖက်နယ်စပ် ပြောခွင့်ရ ဝေးလ်က AP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကူအညီပေးရေးပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကို ဖောက်ထွင်း ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး “စစ်ပွဲသုံးပတ်ကြာ ဂါဇာကို တင်းတင်းကျပ်ကျပ် ဝိုင်းထားပြီးတဲ့နောက် အရပ်ဘက်အမိန့်တွေ ပျက်ပြယ်သွားမယ့် စိုးရိမ်စရာ လက္ခဏာတစ်ရပ်ဖြစ်တယ်”လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA  ဒါရိုက်တာ သောမတ် ဝှိုက်က ပြောခဲ့ပါတယ်။

UNRWA ပြောရေးဆိုခွင့်ရှိသူဂျူလီယက်က ဂိုဒေါင်တွေမှာ လောင်စာဆီတွေ မပါဝင်ဘူးလို့ ဆိုထားပြီး ဟားမတ်စ်က အဲဒီပစ္စည်းတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်တယ်လို့ အစ္စရေးဘက်က သတိပေးထားပါတယ်။

ဂိုဒေါင်တစ်ခုမှာ စားနပ်ရိက္ခာတန်ချိန် ၈၀ အထိသိုလှောင်ထားပေမယ့် တိုးပွားလာနေတဲ့ အစား အစာလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ထရပ်ကား အစီးရေ ၄၀ ထက်မနည်း ဂါဇာကို နေ့စဉ် ဖြတ်ကူး ဝင်ရောက်ခွင့်ရဖို့လိုအပ်တယ်လို့ ကုလမသဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆိုထားပါတယ်။

မြေပြင်စစ်ဆင်ရေးတွေ ပြင်းထန်လာတဲ့အတွက် ဂါဇာဒေသခံတွေကို တောင်ဘက်ကို ရွှေ့ ပြောင်းဖို့ ဟာဂရီက ဆိုထားပြီး အဲဒီနေရာမှာ စားနပ်ရိက္ခာ၊ရေနဲ့ ဆေးဝါးတွေ ပိုမိုကောင်းမွန်စွာ ရရှိနိုင်တယ်လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကူအညီတွေ ချက်ချင်းတိုးမြှင့်ဖို့လိုအပ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပြီးနောက် အစ္စရေးဘက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မကြာခင် ခွင့်ပြုပေးသွားမယ်လို့ အစ္စရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့စစ်ပွဲစတင်ပြီးနောက် အစ္စရေး တင့်ကားတွေနဲ့ ခြေလျင်တပ်တွေရဲ့ လက်တုံ့ပြန်စစ်ပွဲကြောင့် ဂါဇာဒေသက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၈၀၀၀ ကျော်သေဆုံးထားတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: Outlook International

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.