ဆိုးလ်၊ အောက်တိုဘာ(၂၄)
ယူကရိန်းကို တာဝေးပစ်ဒုံးကျည်စနစ် ထောက်ပံ့တပ်ဆင်ပေးခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်အပေါ် မြောက်ကိုရီးယားက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ထောက်ပံ့ထားတဲ့ Army Tactical Missile System အသုံးပြုပြီး ရုရှားပိုင်ဧရိယာ တွေမှာရှိတဲ့ လေကြောင်းကာကွယ်ရေးစနစ် ၂ ခုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို ရုရှားရဲ့ကျူးကျော်စစ် စတင်ချိန်ကတည်းက ယူကရိန်းအစိုးရဟာ ဝါရှင်တန်ဆီမှာ အမျိုးမျိုးသော ပဲ့ထိန်းဒုံးစနစ်တွေကို တောင်းခံခဲ့ပြီး အဲဒီလက်နက်တွေကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်တွေအတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ကတိပေးထားတာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြင်းထန်တဲ့ အတိုက်အခံပြုမှုတွေရှိပေမယ့် လည်း နောက်ဆုံးမှာတော့ အမေရိကန်ဟာ ATACMS ပဲ့ထိန်းဒုံးစနစ်ကို ယူကရိန်းရဲ့ မြေမှာ အခြေစိုက်တပ်ဆင်ပေးခဲ့ပါတယ်။
အမေရိကန်ဟာ ဥရောပတစ်ခုလုံးကို ဆိုးရွားပြီးအဆုံးမရှိတဲ့ စစ်ပွဲအတွင်းကို ဆွဲသွင်းနေတာ ကြောင့် ရုရှား အပေါ်သက်ရောက်တဲ့ တိုက်ခိုက်မှုတစ်စုံတရာဟာ ယူကရိန်းရဲ့အခြေအနေကို မူလအဆုံးသတ်အတိုင်း ပြန်လည်ဆောင်ကျဉ်းစေဖို့နဲ့ ငြိမ်းချမ်းရေးအထိုင်ကျဖို့အတွက် ကူညီနိုင်မှာမဟုတ်ပါဘူးလို့ ရုရှားအခြေစိုက် မြောက်ရီးယားသံအမတ်က ပြောကြားခဲ့ပါတယ်။
ATACMS (အက်တမ်) ပုံပြောင်းထုတ်လုပ်ထားတဲ့ မူကွဲ ပစ်ခတ်မှုစနစ်အတော်များများဟာ ဗုံးတွေကို အစုလိုက် အပြုံလိုက် သယ်ဆောင်နိုင်ပါတယ်။
အဲဒီစနစ်တွေမှာ ကီလိုမီတာ ၃၀၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်သလို အရေးကြီးတဲ့ ပစ်မှတ်တွေကိုလည်း တိတိကျကျ ထိတွေ့နိုင်ပါတယ်လို့ အမေရိကန်စစ်တပ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
မကြာသေးမီကာလအတွင်းကလည်း ပြုံယမ်းဟာ ရုရှားနိုင်ငံကို လက်နက်များ ပို့ဆောင်ပေးခဲ့ ကြောင်း အမေရိကန်က စွပ်စွဲခဲ့ပြီး နှစ်နိုင်ငံကြားစစ်ရေးဆိုင်ရာတိုးချဲ့မှုတွေ မြှင့်တင်လာတဲ့ အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဝါရှင်တန်အစိုးရက အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
Ref:Reuter