ရှိန်ဟိုင်း၊ အောက်တိုဘာ(၂၄) 

တရုတ်နာမည်ကြီး ကမ္ဘာကျော်ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းကြီး ၃ ခုဟာ ဆေးဝါးထုတ်လုပ် ရာမှာ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်အစိတ်အပိုင်းတွေကို ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ကြ တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။ 

လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီရဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အဲဒီကုမ္ပဏီ ၃ ခုဟာ ဘေကျင်းတွန်ရန်တန်အဖွဲ့ ၊ တီယန်ကျင်းဆေးဝါးအုပ်စုနဲ့ ဂျေလင်အေရိုဒွန် ဆေးဝါးအုပ်စုတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် တိရိစ္ဆာန်အစိတ်အပိုင်းတွေ အသုံးပြုနေတဲ့ ကုမ္ပဏီ ၃ ခုကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ကုမ္ပဏီ ၃ ခုဟာ တရုတ်တိုင်းရင်းဆေး (TCM) ထုတ်ကုန် အနည်းဆုံး ၈၈ မျိုးမှာ ကျားသစ်နဲ့ သင်းခွေချပ်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အသုံးပြုထားတာကို တွေ့ရှိရတယ်လို့ ဆိုပါ တယ်။ 

အဲဒီဆေးဝါးကုမ္ပဏီတွေရဲ့ဝက်ဆိုက်တွေမှာလည်း ကျားသစ် ဒါမှမဟုတ် သင်းခွေချပ်အစိတ်အပိုင်း တွေပါတဲ့ ထုတ်ကုန်တွေကို ပြထားတဲ့အပြင် ထိရောက်မှုကိုလည်း တရားဝင်ကြေညာထားပါတယ်။ 

“အဓိက ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တော်တော်များများက ဒီလို ထိခိုက်စေတဲ့ အမြတ်ထုတ်မှုတွေကို ထိထိရောက်ရောက် ထောက်ခံတာကို တွေ့ရတာ အထူးပဲ စိတ်ပျက်စရာ ပါပဲ”လို့ NGO အဖွဲ့ရဲ့ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ အထူးကျွမ်းကျင်သူ အဗင်နက်ချ်ဘက်စ ကာက ပြောဆိုခဲ့ပါတယ်။ 

ပေကျင်းရှိ အဲဒီဆေးဝါးအဖွဲ့တွေကိုမှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ 

တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေကတော့ ပြည်တွင်းဈေးကွက်အတွင်း စီးပွားဖြစ်ရည်ရွယ်မှု အားလုံးအတွက် မျိုးသုဉ်းလုနီးပါးတိရစ္ဆာန်တွေရဲ့အင်္ဂါအစိတ်အပိုင်းတွေကို အသုံးပြုခြင်းအား တားမြစ်ဖို့ တရုတ်အစိုးရကို တိုက်တွန်းထားခဲ့ပါတယ်။ 

မေလမှာ စတင်အသက်ဝင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ တောရိုင်း တိရစ္ဆာန်

ကာကွယ်ရေးဥပဒေဟာ တောရိုင်းတိရစ္ဆာန်အများစုကို အစားအစာအဖြစ် စားသုံးဖို့ ရောင်းဝယ်ဖောက်ကားခြင်းအား တားမြစ်ထားပေမယ့် အချို့သောအခြေအနေများမှာတော့ မွေးမြူခြင်းနဲ့ အသုံးချခြင်းတို့အတွက် ခွင့်ပြုချက်ထုတ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ 

Ref: India Today

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.