October 21, 2023

တရားရုံးနှုတ်မိန့် ချိုးဖောက်မှုကြောင့် ဒေါ်နယ်လ်ထရန့် ဒဏ်ငွေချမှတ်ခံရ

နယူးယောက်- အောက်တိုဘာ ( ၂၂) တရားရုံး နှုတ်အမိန့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုကြောင့် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်လ်ထရန့်ကို နယူးယောက်တရားရုံးက ဒဏ်ငွေ ဒေါ်လာငါးထောင် ချမှတ်လိုက် ပါတယ်။ သမ္မတဟောင်းထရန့်ဟာ တရားရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လှောင်ပြောင်တဲ့ အွန်လိုင်းပို့စ် တစ်ခုကို ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ တရားသူကြီး အော်သာအန်ဂွန်ရွန်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။…

နှစ်နိုင်ငံချစ်ကြည်ရေး မမေ့ဖို့ ဗီယက်နမ်ကို တရုတ်သမ္မတ သတိပေး

ဘေဂျင်း၊ အောက်တိုဘာ(၂၂) အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ထားတဲ့ ဗီယက်နမ်အနေနဲ့ နှစ်နိုင်ငံအကြား ထားရှိ ထားတဲ့ မိရိုးဖလာချစ်ကြည်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကို မမေ့သင့်ဘူးလို့ သမ္မတရှီကျင်ဖျင် က ဗီယက်နမ် ဒုတိယအဆင့်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန်တို့ဟာ ဗီယက်နမ်အပါအဝင် အရှေ့ တောင်အရှနိုင်ငံတွေကို လွှမ်းမိုးဖို့ ကြိုးစားနေ ကြတာဖြစ်ပြီး ဗီယက်နမ်အစိုးရဟာလည်း ဝါရှင်တန်အစိုးရနဲ့အတူ ပြီးပြည့်စုံပြီး မဟာဗျူဟာကျတဲ့…

အာဆီယံနဲ့ အာရပ်ကမ္ဘာတို့ကြား ကုန်သွယ်မှု ဖန်တီးဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

ကွာလာလမ်ပူ၊ အောက်တိုဘာ(၂၂) အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ(GCC)နဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေ ဖန်တီးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) အတွင်းမှာ အာရပ်ကမ္ဘာရဲ့ နိုင်ငံ ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွား များပြည်ထောင်စုတို့ ပါဝင်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး…

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု စစ်ကောင်စီလက်ချက်သာဖြစ် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ကချင် လိုင်ဇာ၊မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှုက စကစ လက်ချက်မဟုတ်၊ အမိုနီယမ်နိုက်ထရိတ် လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုသာဖြစ်တယ်“…

ဘီးလင်း ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုကို စစ်တပ် ဖျက်ဆီး

ဘီးလင်း – အောက်တိုဘာ(၂၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်၊ ခဲမောက်နဲ့ရွှေရောင်ပြကျေးရွာရှိ ကျေးရွာချင်းဆက် လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၇ နာရီအချိန်လောက်မှာ ဒေါက်ရပ်-ခဲမောက်နဲ့ ရွှေရောင်ပြ-ခဲမောက် ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုကို…

ABSDF ရဲဘော်တစ်ဦးကွယ်လွန်

မော်လမြိုင် – အောက်တိုဘာ(၂၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်း၊ အမှတ်-၁၂ တပ်ရင်း ယောဒေသက ရဲဘော်နေမျိုးအောင်(ခ) တထောင် ဟာ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်ကွယ်လွန်သွားခဲ့တယ်လို့ ABSDF က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၀) ရက်နေ့မှာရဲဘော်နေမျိုးအောင်ဟာ (၉၆)ပါး ရောဂါနဲ့ ကွယ်လွန် သွားတာဖြစ်ပါတယ်။ ရဲဘော်နေမျိုးအောင်အနေနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက်…

ရေးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိ

ရေး၊ အောက်တိုဘာ(၂၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းနဲ့ရေးတံတားကြီးအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံက သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲပြီးနောက် ပြန်ဆုတ်လာတဲ့…

ဘီးလင်းမှာ ရိုက်နှက်ခံရပြီးသေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

ဘီးလင်း၊ အောက်တိုဘာ(၂၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်ဖျားကျေးရွာအနီး ကားလမ်းမဘေး လျှိုတစ်ခုအတွင်း ရိုက်နှက်ခံရပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ရိုက်နှက်ခံရပြီး ဒဏ်ရာတွေနဲ့ သေ ဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို…