October 19, 2023

အစ္စရေး-ဟားမတ်စ်စစ်ပွဲ ထိန်းချုပ်ဖို့ တရုတ်သံတမန်အဖွဲ့ အရှေ့အလယ်ပိုင်း သွားမယ်

ရှန်ဟိုင်း၊ အောက်တိုဘာ(၂၀) အစ္စရေး-ဟားမတ်စ်စစ်ပွဲကနေစတင်လာတဲ့ ပဋိပက္ခပြန့်ပွားမှုကို ရပ်တန်ဖို့ ကိုယ်ပိုင်သြဇာကို သုံးသင့်တယ်လို့ အမေရိကန်က အကြံပြုပြီးတဲ့နောက် တရုတ်အထူးသံအမတ်ဟာ အခုသီတင်း ပတ်အတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်တော့မှာဖြစ်ပါတယ်။ ဘေဂျင်းအစိုးရအနေနဲ့ အထူးသဖြင့် အခုနှစ်အစောပိုင်းက ကာလရှည်ကြာ ရန်ဘက်တွေဖြစ်တဲ့ တီဟီရန်နဲ့ ရီယာ့ဒ် တို့နှစ်ဦးနှစ်ဖက်ကို ကြားဝင်စေ့စပ်ပေးပြီးနောက် ပဋိပက္ခကို တည်ငြိမ်အောင် ကူညီပေးနိုင်မယ်လို့ ဝါရှင်တန်အစိုးရက မျှော်လင့်နေတာပါ။ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်မှာ…

ဥရောပမှာ အစ္စလာမ်မစ်အကြမ်းဖက်ဝါဒ အားကောင်းလာလို့ နိုင်ငံအားလုံး အန္တရာယ်ကျရောက် နိုင်ကြောင်း ပြင်သစ်သမ္မတပြော

တီရာနာ၊ အောက်တိုဘာ (၂၀) ပြင်သစ်မှာ အစ္စလာမ္မစ်ဆရာတစ်ဦးနဲ့ ဘယ်လ်ဂျီယံရှိ ဆွီဒင်ဘောလုံးပရိသတ်နှစ်ဦးတို့ သတ် ဖြတ်ခံရပြီးနောက် ဥရောပမှာ အစ္စလာမ္မစ်အကြမ်းဖက်မှု မြင့်တက်လာနေပြီး ဒေသအားလုံးဟာ ခြိမ်းခြောက်ခံနေရပြီလို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မာကွန်က အယ်လ်ဘေးနီးယားသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့ပါတယ်။ အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိမိဟာအိုင်အက်စ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော် ပြော ဆိုထား တဲ့ အသက် ၄၅…

ပူတင်ကို အလည်လာဖို့ ထိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်

ဘန်ကောက်၊ အောက်တိုဘာ(၂၀) နှစ်နိုင်ငံအကြား ချစ်ကြည်ရေး မြှင့်တင်နိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ဆရီထာ သာဗီဆင်က ရုရှား သမ္မတ ပူတင်ကို ထိုင်းနိုင်ငံသို့ လည်လာဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဘေဂျင်းအစည်းအဝေးမှာ ရုရှားသမ္မတနဲ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အဲဒီအကြိမ်တွေ့ဆုံမှုဟာ ရုရှားနဲ့ ထိုင်းတို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။…

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေဆိုတာ ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆိုပေမယ့် ဒီဘက်အစိုးရနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရတဲ့ အလုပ်တွေရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ပြီးမှ ပူးပေါင်းလုပ်ဆောင်ရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်” မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးဝါးလာနေပြီလို့ မြန်မာအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၄၄၀ တို့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကို အောက်တိုဘာ ၁၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။…

နတ်တလင်းမှာ လူသားဒိုင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၆) ဦး သေဆုံး

နတ်တလင်း – အောက်တိုဘာ(၁၉) ပဲခူးတိုင်း၊သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ကို လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သာယာဝတီခရိုင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက်(၆) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး – PDF က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က PDF- တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ (Phoenix DF)တို့က (၃) ကြိမ်တိုင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ…

ကျိုက်ထို အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်တပ်ဖမ်းဆီး

ကျိုက်ထို၊ အောက်တိုဘာ(၁၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံထံကနေ သိရပါတယ်။ အသက် ၅၀ အရွယ် ဦးသန်းလွင် နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဦးသန်းလွင်ဟာ…

စစ်အာဏာသိမ်း (၉၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၅၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၉) AAPP ရဲ့ အောက်တိုဘာ(၁၈)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၀)ရက်အတွင်း ပြည်သူ (၄၁၅၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

လူသားချင်းစာနာမှု အကူအညီပေးရေး စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အပစ်ရပ်အဖွဲ့ပြော

နေပြည်တော်၊ အောက်တိုဘာ(၁၉)လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စမှာ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ညှိနှိုင်းပြီးမှ အကောင်အထည်ဖော်ရတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ PPST ကနေ NCA စာချုပ်ကို အကောင်အထည်ဖော်လို့မရနိုင်တဲ့ ကာလတစ်ခုအောက်မှာ NCA မှာပါတဲ့ အနှစ်သာရသုံးချက်ထဲက အရပ်သားတွေကို အကာအ ကွယ်ပေးရေးနဲ့ဆက်စပ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးမှာ လက်လှမ်းမီသလောက် တစ်ဖွဲ့ချင်းစီအလိုက် ဆောင်ရွက်ခဲ့တာ…