မော်လမြိုင် – အောက်တိုဘာ(၁၈)
အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်(၁) စစ်ဒေသအတွင်း တစ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က (၁၇၅) ဦးသေဆုံးပြီး (၃၀၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တစ်လအတွင်း တိုက်ပွဲပေါင်း (၃၂၃) ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ(၄၆)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်များ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဘက်က (၄၂) ဦးကျဆုံးခဲ့ကာ (၂၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁) စစ်ဒေသမှာ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD