A dove flies over the debris of houses destroyed in Israeli strikes, in Khan Younis in the southern Gaza Strip, October 11. REUTERS/Ibraheem Abu Mustafa

ဂျီနီဗာ ၊ အောက်တိုဘာ(၁၉) 

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ ဆေးရုံတိုက်ခိုက်ခံရမှုဟာ မကြုံစဖူး ကြီးမားလွန်းတဲ့ ပမာဏဖြစ်ပြီး ဒီလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံသားတွေ အသေအပျောက်များခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက် မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာပါ။ 

အဲဒီတိုက်ခိုက်မှုအတွင်း ဆေးရုံတစ်ခုအပေါ် ဒရုန်းကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားပါတယ်။

 “ဒီတိုက်ခိုက်မှုရဲ့ အတိုင်းအတာကတော့ မကြုံစဖူးပါပဲ”လို့ WHO ကိုယ်စားလှယ်ရစ်ချက်က ပြောဆိုခဲ့ပြီး ပါလက်စတိုင်းနယ်မြေတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ဦးတည်တိုက်နေတာ မြင်တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

တိုက်ခိုက်ခံရတဲ့ ဆေးရုံမှာ လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပြင် ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူတွေလည်း ရှိ တယ်လို့ WHO အရှေ့မြေထဲပင်လယ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အဲလ်မန်ဒါရီကလည်း ပြောကြားခဲ့တာပါ။ 

“ဒီဆေးရုံဟာ ဂါဇာကမ်းမြောင်ရဲ့ မြောက်ဘက်မှာရှိပြီး အစ္စရေးစစ်တပ်က ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်ပေးထားတဲ့နေရာ တစ်ခုဖြစ်တယ်”လို့ သူက ပြောပါတယ်။

WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ် အမှုဆောင်ဒါရိုက်တာ မိုက်ရိုင်ယန်က ဂါဇာ ရဲ့ ကျန်းမာရေး လုပ်သားတွေဟာ သူတို့အတွက်ရော၊ လူနာတွေအတွက်ကိုပါ ထွက်ပြေး နေရတဲ့ ဖြစ်ရပ်ဟာ လူမဆန်ဘူးလို့ ပြောဆိုထားပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ နှစ်ဖက်စလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေရဲ့နေရာတိုက်ခိုက်ခံရ မှုဟာ လုံးဝရှင်းလင်းမြင်သာ ပါတယ်”လို့ ရိုင်ယန်က ပြောဆိုခဲ့ပါတယ်။ 

“ကျန်းမာရေးစောင့်ရှောက်မှုဟာ ပစ်မှတ်မဟုတ်ဘူးဆိုတာ လုံးဝရှင်းပါတယ်။ အဲဒါက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတယ်။ ပြီးတော့ ဒါကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ထပ်ခါတလဲလဲ ချိုးဖောက်နေတာ တွေ့ရတယ်။ အဲဒါကို ရပ်ရမယ်”လို့ သူက ဆိုခဲ့တာပါ။ 

Ref,Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.