ဘန်ကောက်၊ အောက်တိုဘာ (၁၉) 

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်တောဆက်ဆူဗွိုင်မိုလ်က အောက်တိုဘာ ၁၇ ရက်မှာ ကျရောက်တဲ့ ရဲတပ်ဖွဲ့နေ့မှာ ထိုင်းရဲအရာရှိတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ ကာလရှည်ကြာ သတ်မှတ်ထားတဲ့ ဆံပင်အပြောင်ရိတ်ပုံစံကို တရားဝင်ရုပ်သိမ်းဖြေလျော့ပေး လိုက်ပါတယ်။ 

အရင်ရဲတပ်ဖွဲ့ စည်းမျဉ်းအရ ရဲအရာရှိတွေဟာ ဆံပင်ဘေးဘက်နဲ့ အနောက်ဘက်ကို အပြောင်ညှပ်ရပြီး ဆံပင်အရှည် ၃ စင်တီမီတာအောက်သာ ထားရှိနိုင်ပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ စည်းမျဉ်းအသစ်မှာတော့ ရဲအရာရှိတွေရဲ့ ဆံပင်ပုံစံကို ၁ စင်တီမီတာနဲ့ ၅ စင်တီမီတာ အကြား အရှည်ထားခွင့်ပြုတယ်လို့ ပါရှိပါတယ်။ 

ထိုင်းနိုင်ငံရဲချုပ်က ထိုင်တောင်ပိုင်းမှာရှိနေတဲ့ ရဲအရာရှိတွေဟာ အခုဆံပင်ပုံစံကြောင့် အကြမ်း ဖက်သမားတွေ အလွယ်တကူမှတ်မိနိုင်ပြီး ပစ်မှတ်ထားနိုင်တယ်လို့ သုံးသပ်ထား ပါတယ်။ 

ဒါကြောင့် ပိုမိုလွတ်လပ်တဲ့ ဆံပင်ပုံစံဖြင့်သာ ရဲအရာရှိတွေက အသွင်ယူနိုင်ပြီး အရင်ဆံပင် ပုံစံဟာ ဘုန်းကြီးရဟန်းတွေနဲ့တောင် ဆင်တူနေတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အခုသတ်မှတ်တဲ့ စည်းမျဉ်းအသစ်အရ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ထောက်လှမ်းရေး စစ်ဆင် ရေးဒါမှမဟုတ် မူးယစ်ဆေးဝါး စုံစမ်းမှုတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေကို ဆံပင် နောက်ဘက်အတိုနဲ့ အပေါ် ဘက်အရှည်ပုံစံကို အထက်လူကြီးတွေရဲ့ ထောက်ခံမှုပုံစံ အတိုင်း ထားရှိနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ယူနီဖောင်းဝတ် အမျိုးသမီးရဲအရာရှိတွေအတွက်ကတော့ စည်းမျဉ်းတွေဟာ အရင်တိုင်းပင် ဖြစ်ပြီး၊ ပုခုံးအရှည် ထက် ပိုရှည်တဲ့ အရာရှိတွေကတော့ ဆံပင်ကို ဆံထုံးထုံးဖို့နဲ့ ဆံပင်အနက် ရောင်သာဖြစ်ဖို့လိုအပ်တယ်လို့ သိရပါတယ်။ 

အမျိုးသမီးရဲမေတွေအနေနဲ့တော့ ကျစ်ဆံမြီးကျစ် တာမျိုးနဲ့ ဖဲကြိုးများ တပ်ဆင်တာမျိုး ကိုတော့ တားမြစ်ထားဆဲလည်း ဖြစ်ပါတယ်။ 

Ref,Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.