ကော့ကရိတ် – အောက်တိုဘာ(၁၈)

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်း တို့ကို မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့ မနက်ပိုင်းက မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ Kloud Drone အဖွဲ့နဲ့ Angry Bird Drone Ranger၊ Power of Ababil (POA) တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပစ်မှတ်နေရာတွေကို တိကျစွာ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ပြီး ဒရုန်းတပ်သားတွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ MOD က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.