October 18, 2023

X ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို နှစ်စဉ်ကြေး တစ်ဒေါ်လာ ကောက်ခံမယ်

ဝါရှင်တန် ၊ အောက်တိုဘာ(၁၉) အရင်က Twitter လို့ လူသိများတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း X က သာမန်သုံးစွဲမှုတွေအတွက် နှစ်စဉ်ကြေးအဖြစ် တစ်ဒေါ်လာ စမ်းသပ်ကောက်ခံသွားမယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ “Not A Bot” လို့ ခေါ်တဲ့ စာရင်းသွင်းမှု ပုံစံအသစ်ဟာ သုံးစွဲသူတွေကို လိုက်ခ်လုပ်တာ၊ ပြန်လည် တင်ပြတာ ဒါမှမဟုတ်…

ထိုင်းရဲအရာရှိတွေ ဆံပင်အရှည် ၅ စင်တီမီတာအထိ ထားရှိနိုင်မယ်

ဘန်ကောက်၊ အောက်တိုဘာ (၁၉) ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်တောဆက်ဆူဗွိုင်မိုလ်က အောက်တိုဘာ ၁၇ ရက်မှာ ကျရောက်တဲ့ ရဲတပ်ဖွဲ့နေ့မှာ ထိုင်းရဲအရာရှိတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ ကာလရှည်ကြာ သတ်မှတ်ထားတဲ့ ဆံပင်အပြောင်ရိတ်ပုံစံကို တရားဝင်ရုပ်သိမ်းဖြေလျော့ပေး လိုက်ပါတယ်။ အရင်ရဲတပ်ဖွဲ့ စည်းမျဉ်းအရ ရဲအရာရှိတွေဟာ ဆံပင်ဘေးဘက်နဲ့ အနောက်ဘက်ကို အပြောင်ညှပ်ရပြီး ဆံပင်အရှည် ၃ စင်တီမီတာအောက်သာ ထားရှိနိုင်ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ စည်းမျဉ်းအသစ်မှာတော့…

လူပေါင်းရာချီသေဆုံးခဲ့တဲ့ ဂါဇာဆေးရုံ တိုက်ခိုက်မှုWHO အပြင်းအထန် ရှုတ်ချ

ဂျီနီဗာ ၊ အောက်တိုဘာ(၁၉) ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ ဆေးရုံတိုက်ခိုက်ခံရမှုဟာ မကြုံစဖူး ကြီးမားလွန်းတဲ့ ပမာဏဖြစ်ပြီး ဒီလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပါတယ်။ အစ္စရေးနိုင်ငံသားတွေ အသေအပျောက်များခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက် မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာပါ။…

ကော့ကရိတ် ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ တိုက်ခိုက်ခံရ

ကော့ကရိတ် – အောက်တိုဘာ(၁၈) ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်း တို့ကို မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့ မနက်ပိုင်းက မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။ တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ Kloud Drone အဖွဲ့နဲ့ Angry…

NUG အမှတ်(၁) စစ်ဒေသက တစ်လအတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က (၁၈၀) နီးပါး သေဆုံး

မော်လမြိုင် – အောက်တိုဘာ(၁၈) အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်(၁) စစ်ဒေသအတွင်း တစ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က (၁၇၅) ဦးသေဆုံးပြီး (၃၀၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တစ်လအတွင်း တိုက်ပွဲပေါင်း (၃၂၃) ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ(၄၆)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်များ သိမ်းဆည်းရမိခဲ့တယ်လို့…

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

ရေး – အောက်တိုဘာ(၁၈) မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းဟာ ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၅၂ နှစ်အရွယ် ဦးဇော်နိုင်လင်းဟာ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “ဖူး”လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေစဉ် ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတစ်ဦးက…

ပုလော ကျောက္ကာရွာမှာ ဆန်ရောင်းချခွင့် ပိတ်ပင်ခံရ

ပုလော၊ အောက်တိုဘာ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဈေးဆိုင်တွေမှာ ဆန်ရောင်းချခွင့်ကို စစ်ကောင်စီရေတပ်က ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီရေတပ်က အောက်တိုဘာ ၁၂ ရက်နေ့ကစတင်ပြီး ကျေးရွာထဲက ဈေးဆိုင်တွေမှာ ဆန်ရောင်းချခွင့်မပေးဘဲ သူတို့ခွင့်ပြုထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေထံမှာသာ ဆန်ဝယ်ယူရမယ်လို့ နှုတ်အမိန့်နဲ့ ညွှန်ကြားလာတာပါ။ ကျေးရွာအတွင်းက ဈေးဆိုင်တွေမှာ ခွင့်ပြုချက်မရဘဲ ဆန်တွေခိုးရောင်းကြောင်း စစ်ဆေးဖမ်းဆီးခံရပါက ငွေဒဏ်အပြင်…

စစ်အာဏာသိမ်း (၉၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၉) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၈) AAPP ရဲ့ အောက်တိုဘာ(၁၇)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၉၈၉)ရက်အတွင်း ပြည်သူ (၄၁၄၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၆၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…