FILE PHOTO: Travellers walk with their suitcases at Beijing Daxing International Airport in Beijing, China April 24, 2023. REUTERS/Tingshu Wang/File Photo

ရှန်ဟိုင်း၊ အောက်တိုဘာ (၁၈) 

တရုတ်အာဏာပိုင်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရနဲ့ဆက်စပ်မှုရှိတဲ့လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေရဲ့ ပြည်ပခရီးသွားလာခွင့်ကို ပိုမိုတင်းကျပ်နေပြီး နိုင်ငံရပ်ခြားနဲ့အဆက်သွယ် ရှိသူတွေကိုလည်း စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဒီလိုဆောင်ရွက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့လှုပ်ရှား မှုတစ်ရပ်အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းလည်း သတင်းရစ်မြစ်တွေက ပြောကြားခဲ့တာပါ။ 

အဲဒီလိုတားမြစ်ချက်တွေဟာ ၂၀၂၁ ခုနှစ်ကကည်းက စတင်ခဲ့တာဖြစ်ပြီး ပြည်ပခရီးသွားမှုကို ကန့်သတ်တာ၊ ခရီးစဉ် အကြိမ်အရေအတွက်နဲ့ ကြာချိန်ကိုလည်း ကန့်သတ်တာ၊ ခွင့်ပြုချက်ပေး ဖို့ ခက်ခဲတာ၊ ခရီးမထွက်ခွာခင် ကိုယ်ရေး ကိုယ်တာလျှို့ဝှက်ရေး သင်တန်းတွေ တက်ရောက်စေ တာတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းဌာနကို အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိအလုပ်လုပ်ကိုင် ဆဲ တရုတ်အစိုးရဝန်ထမ်း ၁၀ ဦးက ဖြေကြားထားပါတယ်။ 

ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ ကြုံတွေ့ရတဲ့ ပုံစံတွေဟာ ကွဲပြားမှုရှိနေပြီး အခုနှစ်ဇန်နဝါရီ လ နယ်စပ်ဖွင့် လှစ်လိုက်ချိန်ကစလို့ နိုင်ငံခြားခရီးသွားလာခွင့်ကို တင်းကျပ်တာမျိုးက အလား တူဆက်ဖြစ်နေသေးတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားပါတယ်။ 

တရုတ်အစိုးရလက်အောက် အဖွဲ့အစည်း ၈ ခု က ဝန်ထမ်း ၈ ဦး ဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရိုက်တာ သတင်းဌာနကို လူသိရှင်ကြား ပြောကြားခဲ့ပြီး တရုတ်အစိုးရဟာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပြည်ပထွက်ခွာမယ့် ကိုယ်ရေးကိုယ်တာ ခရီးစဉ်တွေမှာ စည်းမျဉ်းတွေကို လိုက်နာစေဖို့ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတော်လုံခြုံရေး အပေါ်ထားတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အားစိုက်မှုကို ပေါ်လွင်စေတာဖြစ်တယ်လို့ နိုင်ငံရေးကျွမ်း ကျင်သူနှစ်ဦးက ရိုက်တာ သတင်းဌာနကို သုံးသပ်ပြောကြားထားပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ မကြာသေးမီလတွေအတွင်းက သူလျှိုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ နိုင်ငံသားတွေကို ပါဝင်ဖို့ တိုက်တွန်းခဲ့ပြီး သူလျှိုလုပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မယ့် ဥပဒေအသစ်တွေကိုလည်း မိတ်ဆက်ခဲ့တာပါ။ 

“ဘေဂျင်းဟာ အနောက်နိုင်ငံတွေရဲ့ သူလျှိုလုပ်မယ့် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အလွန်ကြောက် နေ တာလည်းဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေကို နိုင်ငံခြားကို မထွက်အောင် တားဆီးတာက အင်အားကြီးနိုင်ငံတွေအတွက် သူလျှိုလုပ်မယ့် အခွင့်အလမ်းတွေကို လျှော့ချဖို့ နည်းလမ်းတစ်ခုပါပဲ” လို့ ဝါရှင်တန်ရှိ Institute’s Center for China Analysisရဲ့ တာဝန်ရှိသူ မစ္စတာ နေးလ်သောမက်စ်က ပြောကြားခဲ့ပါတယ်။ 

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.