နယူးယောက်၊ အောက်တိုဘာ(၁၈)
ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ အပစ်အခတ်ရပ်စဲရေး ရုရှားအဆိုပြုတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာ ၁၇ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
ပါလက်စတိုင်း၊ အီဂျစ်၊ ယူအေအီးနဲ့ ဆာ်ဒီအာရေးဗီးယားတို့ အပါအဝင် အာရပ်နိုင်ငံတွေက ပူးပေါင်းကမက ထပြုထားတဲ့ စာမျက်နှာတစ်မျက်နှာပါ မော်စကိုရဲ့အဆိုပြုချက်ဟာ အနည်းဆုံး ထောက်ခံမဲလိုအပ်တဲ့ ကောင်စီအဖွဲ့ဝင် ၁၅ ဦးအနက် ၉ ဦး ထောက်ခံမဲ မရလို့ ပယ်ချခံလိုက်ရတာပါ။
အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၅ မဲ၊ ကြားနေမဲ ၆ မဲနဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နဲ့ ပြင်သစ်တို့က ကန့်ကွက်မဲ ၄ မဲ ပေးခဲ့ကြတာဖြစ်ပါတယ်။
ရုရှားရဲ့ အဆိုပြုချက်ဟာ အရပ်သားတွေအပေါ် ဦးတည်တဲ့ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ စတင်ကျူးလွန်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို ရှုတ်ချဖို့ ပျက်ကွက်မှုကြောင့် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ပယ်ချခဲ့တာပါ။
မဲခွဲမှုအပြီး ရုရှားနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးက “အနောက်အုပ်စုနိုင်ငံတွေရဲ့ တစ်ကိုယ် ကောင်းဆန်တဲ့ ရပ်တည်ချက်တွေကို ထပ်မံတွေ့ရှိခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးလင်ဒါကတော့ “ကောင်စီက ဒါကို အရေးယူ သင့်တယ်။ ဒါပေမယ့် မှန်အောင်လုပ်ဖို့လိုပြီး အဲဒါကိုလုပ်ဖို့ ကောင်စီမှာရှိတဲ့ အဖွဲ့ဝင်အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားရမယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဟားမတ်စ်ကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက် ကုလသမဂ္ဂပဋိညာဉ်စာ တမ်းအရ အစ္စရေးရဲ့ မွေးရာပါ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုလည်း ထပ်မံအတည်ပြုဖို့ သူမက တောင်းဆိုခဲ့ပါတယ်။
ယူအေအီးရဲ့ကုလသံတမန် လန်နာနာစီဘတ်က ကောင်စီအဖွဲ့ဝင်အားလုံးဟာ အပြစ်မဲ့တဲ့ အစ္စရေးအရပ်သား တွေကိုခွဲခြားခြင်းမရှိဘဲ သတ်ဖြတ်မှုအား မှန်ကန်စွာ ရှုတ်ချရမှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကောင်စီဟာ အကူအညီတွေပေးအပ်ဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တောင်းဆို ခြင်းမပြုမီမှာ ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အရင်ဆုံး သတ်မှတ်ကာ အစ္စရေးရဲ့ခုခံပိုင် ခွင့်ကို ထောက်ခံရမယ်လို့ အစ္စရေးရဲ့ ကုလသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေ တန်ယာဟုတို့က ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်သို့ နိုင်ငံတကာ အကူအညီ တွေ၊ အလှူရှင်နိုင်ငံတွေနဲ့ ဘက်ပေါင်းစုံမှ အဖွဲ့အစည်းတွေထံက အကူအညီတွေရအောင် လုပ်ဆောင်ဖို့လည်း သဘောတူထားပါတယ်။
Ref: The National News