October 17, 2023

ဂါဇာအရေး ရုရှားအဆိုပြုချက်မူကြမ်း ကုလလုံခြုံရေးကောင်စီ ပယ်ချ

နယူးယောက်၊ အောက်တိုဘာ(၁၈) ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ အပစ်အခတ်ရပ်စဲရေး ရုရှားအဆိုပြုတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာ ၁၇ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ယူအေအီးနဲ့ ဆာ်ဒီအာရေးဗီးယားတို့ အပါအဝင် အာရပ်နိုင်ငံတွေက ပူးပေါင်းကမက ထပြုထားတဲ့ စာမျက်နှာတစ်မျက်နှာပါ မော်စကိုရဲ့အဆိုပြုချက်ဟာ အနည်းဆုံး ထောက်ခံမဲလိုအပ်တဲ့ ကောင်စီအဖွဲ့ဝင် ၁၅ ဦးအနက် ၉ ဦး…

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပြည်ပခရီးသွားလာခွင့် တရုတ် ထပ်မံတင်းကျပ်

ရှန်ဟိုင်း၊ အောက်တိုဘာ (၁၈) တရုတ်အာဏာပိုင်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရနဲ့ဆက်စပ်မှုရှိတဲ့လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေရဲ့ ပြည်ပခရီးသွားလာခွင့်ကို ပိုမိုတင်းကျပ်နေပြီး နိုင်ငံရပ်ခြားနဲ့အဆက်သွယ် ရှိသူတွေကိုလည်း စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့လှုပ်ရှား မှုတစ်ရပ်အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းလည်း သတင်းရစ်မြစ်တွေက ပြောကြားခဲ့တာပါ။ အဲဒီလိုတားမြစ်ချက်တွေဟာ ၂၀၂၁ ခုနှစ်ကကည်းက စတင်ခဲ့တာဖြစ်ပြီး ပြည်ပခရီးသွားမှုကို ကန့်သတ်တာ၊…

NCA စာချုပ်ကို အပြည့်အဝ ထောက်ခံတယ်လို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊အောက်တိုဘာ (၁၈) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို အပြည့်အဝ ထောက်ခံကြောင်း စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ ဆီဟက်ဆာက ကတိပြုပြောကြားခဲ့ပါတယ်။ ဒုဝန်ကြီး မစ္စတာ ဆီဟက်ဆာက NCA စာချုပ်ရဲ့ ရည်မှန်းချက်ဟာ သက်ဆိုင်သူအားလုံးပါဝင် ပြီး အားလုံးအကျုံးဝင်တဲ့ ဆွေးနွေးပွဲတွေကနေတဆင့် ဂုဏ်သိက္ခာနဲ့တရားမျှတမှု…

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

“မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေ မရှိသလောက်ဖြစ်တဲ့အတွက်ကြောင့် စာသင်ကျောင်းတွေမှာတောင်မှ စစ်တပ်စာသင် ကျောင်းမရှိသလောက်ဖြစ်နေပြီ။ သူတို့ရဲ့အုပ်ချုပ်ရေးတွေ မရှိသလောက်ဖြစ်နေပြီ” ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာ အရပ် ရပ်ကို လက်နက်အားကိုး မတရားစစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ ခုခံစစ်ဟာ အခုဆိုရင် နှစ်နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီး ဖြစ်ပါတယ်။ နှစ်နှစ်အတွင်း ပြောင်းလဲ လာတဲ့…

ကျိုက်ထိုမှာ KTV ဆိုင်ပိုင်ရှင် တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို – အောက်တိုဘာ(၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ ရွှေ KTV ဆိုင်ပိုင်ရှင် ဦးအောင်မျိုးလွင်(ခေါ်) စောနန်းဦးဟာ အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၆၂ အရွယ် ဦးအောင်မျိုးလွင်ဟာ မိသားစုနဲ့အတူ KTV ဆိုင်ကနေ…

ရေဖြူမှာ စစ်တပ်ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ် ရုပ်အလောင်းပြန်တွေ့

ရေဖြူ၊ အောက်တိုဘာ(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာတံတားအနီးမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ်တစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ရေဖြူမြို့နယ် ခမောက်ချောင်းရွာက အသက် ၂၀ ဝန်းကျင်အရွယ် မစန္ဒာခိုင်အပါအဝင် ဒေသခံ ၈ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့…

စစ်အာဏာသိမ်း (၉၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၇) AAPP ရဲ့ အောက်တိုဘာ(၁၆)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၈၈)ရက်အတွင်း ပြည်သူ (၄၁၄၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ် ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၀၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၆၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တိုင်းပြည်မတည်ငြိမ်မှုဟာ ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းမှုကြောင့်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ အောက်တိုဘာ(၁၇) နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ တိုင်းပြည်မတည်ငြိမ်မှု ပြဿနာတွေဟာ ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းမှုနဲ့ အဓိကသက်ဆိုင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ စစ်ခေါင်းဆောင်က ကျေးလက်နေပြည်သူတွေ ပညာရေးအားနည်းမှုကြောင့် ပြည်ပက မြှောက်ထိုးပင့်ကော်လုပ်နေမှုတွေနဲ့ မဟုတ်မမှန် သတင်းတွေအပေါ်မှာ နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေး ချမ်းမှုမရှိအောင် လုပ်ဆောင်နေတာလို့ NCA ၈နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ အခြေအမြစ်မရှိ ပြောဆိုခဲ့တာပါ။ ဒါ့အပြင်…