October 16, 2023

ဘန်ကောက်မှာ ဘားနဲ့ဘီယာဆိုင်တွေကို မနက် ၄ နာရီအထိ ဖွင့်ခွင့်ပြုမယ်

ဘန်ကောက်၊ အောက်တိုဘာ(၁၇) ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ည‌ဖျော်ဖြေရေးလုပ်ငန်းတွေကို မနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြု ဖို့နဲ့ ပတ်ဝန်းကျင် ဆူညံမှု လျှော့ချနိုင်ရေး ဇုန်နေရာခွဲခြား သတ်မှတ်မယ်လို့ ဘန်ကောက်မြို့ပြ အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အချို့‌သော ဘီယာဆိုင်တွေနဲ့ ဘားတွေဟာ မနက် ၂ နာရီ ကျော်အထိ တရားမဝင်ဖွင့်လှစ်နေတာ လည်း…

အန္တရာယ်ရှိတဲ့ စစ်ရေးလှုပ်ရှားမှု ရပ်တန်ဖို့ တရုတ်ကို ဖိလစ်ပိုင် တောင်းဆို

မနီလာ၊ အောက်တိုဘာ(၁၇) ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက တောင်တရုတ်ပင်လယ်ထဲ ထောက်ပံ့ရေးမစ်ရှင်လုပ်ဆောင် နေတဲ့ ဖိလစ်ပိုင်ရေတပ် သင်္ဘောတစ်စင်းကို တရုတ်ရေတပ်သင်္ဘောတစ်စင်းက နောက်ယောင်ခံ လိုက်ခဲ့တဲ့အတွက် ဒီလိုအန္တရာယ်များပြီး စော်ကားရာရောက်တဲ့ စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ပေး ဖို့ ဖိလစ်ပိုင်စစ်တပ်က တောင်းဆိုလိုက်ပါတယ်။ တရုတ်ရေတပ်သင်္ဘောတစ်စီးဟာ တောင်တရုတ်ပင်လယ်ရှိ မနီလာရဲ့ အကြီးဆုံးနဲ့ ဗျူဟာ မြောက် အရေးအကြီးဆုံး ကင်းစခန်းဖြစ်တဲ့ တီတူကျွန်းအနီးအနားထိ ရောက်ရှိလာခဲ့တာပါ။ အဲဒီတရုတ်ရေတပ်သင်္ဘောတစ်စီးဟာ…

ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုပေးဖို့ ကုလအကြီးအကဲ တောင်းဆို

နယူးရော့ခ်၊ အောက်တိုဘာ(၁၇) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေ သကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့နဲ့ ဟားမတ်စ်အဖွဲ့က လည်း ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံး ပြန်လွှတ်ပေးဖို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တောင်း ဆိုလိုက်ပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် ဂါဇာမှာမှာ ရေ၊ လျှပ်စစ်နဲ့ တခြားလိုအပ်တဲ့ ထောက်ပံ့ရေးတွေ ပြတ်တောက်နေပြီး…

ကိုးကန့်တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၆) ဦးသေဆုံးခဲ့တယ်လို့ MNDAA ထုတ်ပြန်

ကိုးကန့် – အောက်တိုဘာ(၁၆) ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၆) ဦးသေဆုံးကာ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Kokang မီဒီယာက ထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့တစ်ခုလုံးနီးပါး ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) တပ်ရင်း -၃၃၅က စစ်ကောင်စီတပ်သား…