October 15, 2023

မော်လမြိုင်အချုပ်ထောင်သစ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရ

မော်လမြိုင်၊ အောက်တိုဘာ(၁၅) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာအနီးမှာ စစ်ကောင်စီ တည်ဆောက်နေတဲ့ မော်လမြိုင်အချုပ်ထောင်သစ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ မော်လမြိုင်အချုပ်ထောင်သစ် တည်ဆောက်လုပ်နေတဲ့နေရာကို ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်လောက်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးချ…

NCA စာချုပ် ဘယ်သောအခါမှ ပျက်ပြယ်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ အောက်တိုဘာ (၁၅) NCA စာချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး ဘယ်သောအခါမှပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမယ့် စာချုပ်ဖြစ်တဲ့အ တွက် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထား ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဒီကနေ့ စစ်ကောင်စီကနေ ဦးဆောင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၈ နှစ်ပြည့်အခမ်းအနားမှာ စစ်ခေါင်း…

NCA နှစ်ပတ်လည်ပွဲလုပ်တာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ NUG ယာယီသမ္မတဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ (၁၅) အာဏာသိမ်း စစ်ကောင်စီအနေနဲ့ NCA စာချုပ်ကို လိုက် နာမှုမရှိဘဲ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲ ပြုလုပ်တာဟာ အင်မတန်မှ မျက်နှာ‌ပြောင်တိုက်ရာကျပြီး ဂုဏ်သိ က္ခာမဲ့တဲ့လုပ်ရပ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့…

ကော်သူးလေနယ်မြေမှာ စစ်ရှောင်ဒုက္ခသည် ၇ သိန်းကျော်အထိတိုးလာ

ကော်သူးလေ၊ အောက်တိုဘာ(၁၅) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော်အထိရှိလာပြီး အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအများအပြား လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်၊ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခုနှစ်အောက်တိုဘာလအထိ…

NCA နှစ်ပတ်လည်ပွဲသွားတဲ့ အဖွဲ့ဝင်တချို့ရှိပေမယ့် အဖွဲ့အစည်းကိုယ်စားမပြုဘူးလို့ ABSDF ပြော

နေပြည်တော်၊ အောက်တိုဘာ(၁၅) စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် NCA နှစ်ပတ်လည်အခမ်းအနားတက်ရောက်ဖို့ နေပြည်တော် ရောက်နေကြတဲ့ အဖွဲ့ဝင်တချို့ဟာ အဖွဲ့အစည်းကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ရဲဘော်မျိုးဝင်းနဲ့အဖွဲ့တွေဟာ အောက်တိုဘာ…

KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်

“ငြိမ်းချမ်းရေးဆွေးပွဲတွေ လုပ်သာလုပ်နေတာ သူတို့ကိုယ်၌က ဘာယုံကြည်ချက်မှမရှိဘူး” ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေနယ်မြေမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လ အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၃၅၇၀ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထောင်နဲ့ချီတဲ့ စစ်သားတွေ သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဒါကြောင့် KNU နယ်မြေအတွင်း လတ်တလော စစ်ရေးအခြေအနေ၊ မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီရဲ့…

မွန်ပြည်နယ်မှာ ဇာတ်သဘင်နဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ဖို့ စစ်ကောင်စီဖိအားပေး

မော်လမြိုင်၊ အောက်တိုဘာ(၁၅) မွန်ပြည်နယ်အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်းကားအောင် ပြုလုပ်ဖို့အတွက် ဇာတ်သဘင်တွေပြန်ကဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖိအားပေးပြောဆိုလာတယ်လို့ ဇာတ်သဘင်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပြသဖို့အတွက် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်လုံးမှာ ဇာတ်သဘင်တွေ ပြန်ကနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဇာတ်သဘင်လောကသားတွေနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။ ဇာတ်သဘင်တွေအနေနဲ့ မြို့နယ်အလိုက် ဘုရားပွဲတွေအပြင်…

NCA စာချုပ်ပျက်ပြယ်ကြောင်း KNU ၊ CNF ၊ ABSDF ထပ်လောင်းအတည်ပြု

နေပြည်တော်၊ အောက်တိုဘာ(၁၅) စစ်ကောင်စီက NCA ၈ နှစ်ပတ်လည် ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ တော်လှန်ရေး EAO သုံးဖွဲ့က သဘောထားထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ NCA စာချုပ် ပျက်ပြယ်ကြောင်း ထပ်လောင်းအ တည်ပြုတာလို့ KNU က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ KNU၊ CNF နဲ့…

တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်

တနင်္သာရီ၊ အောက်တိုဘာ(၁၅) တနင်္သာရီတိုင်းဒေသထဲမှာ လာမယ့်ပွင်းလင့်ရာသီကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်တဲ့ စည်းကမ်းချက်တွေ မဖြစ်မနေ လိုက်နာပေးကြဖို့ တိုင်း(ပကဖ) တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ပြည်သူ့ခုခံစစ်အားကောင်းတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လကစပြီး နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာထက် PDF…