ဂျေရုစလင် ၊ အောက်တိုဘာ (၁၃)
ပါလက်စတိုင်း စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကို ကမ္ဘာမြေပေါ်ကနေ ရှင်းထုတ်ပစ်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂါလန့်က ပြောဆိုလိုက်ပါတယ်။
အစ္စလာမ္မစ်ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့စနေနေ့က ဂါဇာကမ်းမြောင်ဒေသ ကနေ အစ္စရေးသို့ အံ့အားသင့်ဖွယ် စီးနင်းတိုက်ခိုက်မှုလုပ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးသမိုင်းမှာလည်း အဆိုးရွားဆုံး ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက်အရေး ပေါ်စစ်ကာလအစိုးရ တစ်ရပ်ကို အေက်တိုဘာ ၁၁ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဲဒီအစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ အတိုက်အခံပါတီခေါင်း ဆောင် ဘန်နီဂန့်ဇ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့လည်း ပါဝင်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဂဲလ်လန့်က “ဟားမတ်စ်၊ ISIS-ဂါဇ် လို့ခေါ်တဲ့ ဒီအရာတွေကို ကမ္ဘာမြေပြင်ကနေ ရှင်းပစ်ရမယ်၊ အဲဒါမှ ပျောက်ကွယ်သွားတော့မယ်” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသအား ကြီးမားပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက် မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ မြေပြင်မှာတပ်ဖွဲ့ဝင်ထောင်ပေါင်းများ စွာ တပ်ဖြန့်ချ ထားခဲ့ပါတယ်။
နေတန်ယာဟုက “ကျွန်တော်တို့ဟာ ISIS ထက် ပိုဆိုးတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူကို တိုက်ခိုက်နေပါတယ်”လို့ လည်း အစ္စလာမ္မစ်နိုင်ငံအဖွဲ့ရဲ့ ရက်စက်တဲ့သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဉ်ပြီးပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ တိုက်ခိုက်မှုမှာ အစ္စရေး ဘက် လူပေါင်း ၁၂၀၀ ၊ ပါလက်စတိုင်းဘက်က ၁၀၀၀ ကျော် သေဆုံးထားပြီး လူပေါင်း ၈၀၀၀ နီးပါး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
Ref: asiaone / Reuters