October 13, 2023

လိင်အကြမ်းဖက်မှုနဲ့ ထိုင်းMove Forward ပါတီအမတ်တစ်ဦး စစ်ဆေးခံရ

ဘန်ကောက်၊ အောက်တိုဘာ(၁၄) အမျိုးသမီးစေတနာ့ဝန်ထမ်းတစ်ဦးအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ကြောင်း တိုင်ကြားခံထားရတဲ့ ပါတီအမတ် တစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအတိုက်ခံ နိုင်ငံရေးပါတီ Move Forward ထံကနေ သိရပါတယ်။ MFP ရဲ့ ပါလီမန်အမတ်တစ်ဦးဟာ အမျိုးသမီးစေတနာဝန်ထမ်းကို Sex Toy ကို ပြသပြီး လိင်မှုအမှုအရာတွေ ပြုမူခဲ့တဲ့အကြောင်း မကြာသေးခင်က အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လအတွင်းမှာ…

လက်ဘနွန်နဲ့ ဂါဇာမှာ အစ္စရေးက ရေရှည်အန္တရာယ်ရှိတဲ့ ခဲယမ်းတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲ

ဂျေရုစလင်၊ အောက်တိုဘာ (၁၄) ဂါဇာနဲ့လက်ဘနွန်ကို စစ်ဆင်ရေးပြုလုပ်ရာမှာ အရပ်သားတွေကို ပြင်းထန်တဲ့ ရေရှည်ထိခိုက်မှု အန္တရာယ်ဖြစ်စေတဲ့ အဖြူရောင်ဖော့စဖရပ် ခဲယမ်းတွေကို အစ္စရေးက အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ စွပ်စွဲခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို မေးမြန်းရာမှာတော့ ဂါဇာကမ်းမြောင် ဒေသမှာ အဖြူရောင် ဖော့စဖရပ်စ်ပါတဲ့ လက်နက်တွေ အသုံးပြုမှုကို လောလောဆယ် မသိရှိ ကြောင်းသာပြောဆိုခဲ့ပြီး…

မြောက်ကိုရီးယား ဒုက္ခသည်တွေကို တရုတ်အစိုးရ အတင်းအကျပ် နေရပ်ပြန်ပို့နေ

ဆိုးလ်၊ အောက်တိုဘာ (၁၄) မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ခိုလှုံသူအများအပြားကို တရုတ်အစိုးရက နေရပ်ပြန်ပို့နေတာကြောင့် တရုတ်အာဏာပိုင်တွေကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေကို မူရင်းနေရပ်ပြန်ပို့တယ်ဆိုတာဟာ နိုင်ငံတကာက ပိတ်ပင် တားဆီးထားတဲ့အချက်ကို ချိုးဖောက်ဆန့်ကျင့်တာ လည်းဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေအဖြစ် ရှုမြင်ပါတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကူဗြုံးဆပ်ကပြောကြားခဲ့ပါတယ်။…

စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

ရန်ကုန် – အောက်တိုဘာ(၁၃) ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် မြန်မာဘီယာစက်ရုံကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation(U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၂) ရက်နေ့ ညပိုင်းမှာ Urban Special Operation(U.S.O)က (၁၀၇)မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုထားတာပါ။ Urban Special Operation(U.S.O) တိုက်ခိုက်ခဲ့တဲ့…

ကိုယ်ထူကိုယ်ထကယ်ရတဲ့ ပဲခူးရေဘေး စစ်တပ်ကယ်တင်ရှင်အဖြစ် သတင်းမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ပဲခူးရေဘေးကို စစ်တပ်မှလွဲ၍ ပြည်သူအား ကိုးစရာ၊ ပြည်သူကို စောင့်ရှောက်သူမရှိကြောင်း“ ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ကံပေါက်မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံး ရပ်နားသွားလို့ ဒေသခံတွေအခက်ကြုံနေရ

ရေဖြူ၊ အောက်တိုဘာ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံးရပ်နားသွားတာကြောင့် ငွေသွင်း၊ငွေလွှဲတာနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကံပေါက်ဒေသမှာ သမဝါယမဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တို့ ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ သမဝါယမဘဏ်က စစ်တပ်အာဏာသိမ်းပြီးနောက် ပိတ်သွားခဲ့သလို နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ကလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့မှာ လုပ်ငန်းရပ်နားလိုက်တာပါ။ ကမ္ဘာ့ရတနာဘဏ်ဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြောင့်…

စစ်တပ်နိုင်ငံရေးက မထွက်မချင်း ဆွေးနွေးဖို့မရှိဘူးလို့ KNU ၊ CNF နဲ့ ABSDF ပူးတွဲကြေညာ

မော်လမြိုင်၊ အောက်တိုဘာ(၁၃) အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံရေးက မထွက်မချင်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်တဲ့ KNU ၊ CNF နဲ့ ABSDF တို့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပူးတွဲကြေညာထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ဦးဆောင်ကျင်းပသွားမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘော တူစာချုပ် (NCA)…

စစ်အာဏာသိမ်း (၉၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၃) AAPP ရဲ့ အောက်တိုဘာ(၁၂)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၈၄)ရက်အတွင်း ပြည်သူ (၄၁၄၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၂၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၆၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…