FILE PHOTO: Russia's President Vladimir Putin and North Korea's leader Kim Jong Un attend a meeting at the Vostochny Cosmodrome in the far eastern Amur region, Russia, September 13, 2023 in this image released by North Korea's Korean Central News Agency. KCNA via REUTERS/File Photo

ဆိုးလ်၊ အောက်တိုဘာ (၁၀)

မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ နယ်စပ်တလျှောက် မီးရထားလမ်းပိုင်းအသုံးပြုမှု အခုသီတင်း ပတ်ကာလအတွင်း အမြင့်ဆုံးရောက်ရှိလာတာဟာ ပြုံယမ်းမှ မော်စကိုသို့ လက်နက်တွေထောက် ပံ့မှု ဖြစ်နိုင်တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ဂြိုဟ်တုဓာတ်ပုံတွေအရ မြောက်ကိုရီးယားနယ်စပ်မြို့ ရာဆွန်ရှိ တွန်မန်ဂန်ရထားဘူတာမှာ မကြုံစဖူး ကုန်စည်တင်ရထားတွဲ ၇၃ စီးရှိနေတာကို ဖော်ပြခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ကပ်ရောဂါမတိုင်မှီကာလနဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက တွေ့ရှိထားတဲ့ လမ်းပိုင်းအသုံးပြုမှုတွေ ထက် အဆပေါင်းများစွာ ပိုမိုများပြားခဲ့ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ 

အမေရိကန်ရဲ့ အကြံပေးတစ်ဦးကတော့ နယ်စပ်တလျှောက် ရထားလမ်းအသုံးပြုမှု မြင့်တက် လာတာဟာ မြောက်ကိုရီးယားနဲ့ရုရှားနှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် လက်နက်ထောက်ပံ့မှု စတင်တဲ့ အစီအစဉ် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံအရှေ့ဖျားမှာ သီတင်းတစ်ပတ်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း စစ်ရေးဆိုင်ရာကိစ္စရပ် တွေ၊ ယူကရိန်းစစ်ပွဲ၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက် မှုတို့ကို အဓိကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

“ကင်နဲ့ ပူတင်တို့ရဲ့ မကြာသေးမီက တွေ့ဆုံစဉ် စစ်ရေးဖလှယ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြတာကြောင့် ရထားလမ်းအသွားအလာ သိသိသာသာ တိုးလာတာဟာ ရုရှားကို မြောက်ကိုရီးယားရဲ့ လက်နက်နဲ့ခဲယမ်းတွေ ထောက်ပံ့မှုကို ထောက်ပြနေပါတယ်” လို့ အကြံပေး အဖွဲ့က ပြောကြားခဲ့ပါတယ်။ 

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ပြုံယမ်းအပေါ် ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့အရေး ယူမှုတွေကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့က သတိပေးထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.