FILE PHOTO: Farmers harvest rice in a field in Chainat province, Thailand, August 31, 2023. REUTERS/Athit Perawongmetha/File Photo

ကွာလာလမ်ပူ၊ အောက်တိုဘာ (၁၀) 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဆန်အပါအဝင်တခြားသော စားနပ်ရိက္ခာပြဿနာတွေ ဖြစ် ပေါ်လာပါက အချင်း ချင်းဦးစားပေး ကူညီကြဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ မလေးရှား နိုင်ငံ ပိုင် သတင်း အေဂျင်စီဘာနားမားက စိုက်ပျိုးရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။ 

ဘနားမားရဲ့သတင်းအစီရင်ခံမှုအရ အာဆီယံဟာ အခုသီတင်းပတ်အတွင်း ကွာလာလမ်ပူမြို့မှာ အစည်းအဝေး တစ်ရပ်ကျင်းပစဉ် သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်တယ်လို့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးဝန်ကြီး မိုဟာမက်ဆာဘူက သောကြာနေ့မှာ ပြောကြားခဲ့တာပါ။ 

“ကျွန်တော်တို့ဟာ ဒီလိုဆန်ကိစ္စပြဿနာတွေ ရှိလာပြီဆိုရင် အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သွားရမှာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဆီယံနိုင်ငံသားတွေကိုပဲ ဦးစားပေးသွားရမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာမှာ ဆန်တင်ပို့ရောင်းချမှု ထိပ်တန်းနိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံ တို့က မလေးရှာနိုင်ငံကို ဆန်ထပ်ဆောင်း တင်သွင်းခွင့် တောင်းဆိုချက်တွေရှိလာပါက လက်ခံ စဉ်းစားပေးရမယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။ 

နိုင်ငံ့ဆန်လိုအပ်ချက်ရဲ့ ၃၈ ရာခိုင်နှုန်းကို တင်သွင်းနေရတဲ့ မလေးရှားနိုင်ငံဟာ အိန္ဒိယမှ ဆန်တင်ပို့မှု ကန့်သတ်လိုက်တာကြောင့် ပြည်တွင်းဆန်လိုအပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ မလေးရှားအစိုးဟာ ဆန်ဈေးမြင့်တက်မှုကို နှိမ်နှင်းနိုင်ဖို့ ဈေးကွက်အတွင်း မက်လုံး ပေးတာအပါအဝင် အခြားအစီအမံတွေကိုလည်း ပေးအပ်မယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။ 

မလေးရှားနိုင်ငံဝန်ကြီးချုပ်ကတော့ စားသုံးသူတွေအနေနဲ့ ပြည်တွင်းထုတ်ဆန်လက်လှမ်းမီနိုင် ရေးကို အတားအ ဆီးဖြစ်စေတဲ့ ဆန်သိုလှောင်ခြင်းကို လုပ်ဆောင်နေတဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ် လို့ ပြောကြားထားပါတယ်။ 

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.