ဝါရှင်တန်၊ အောက်တိုဘာ (၈) 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နျူကလီးယားရေငုပ်သင်္ဘော လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ဩစတြေးလျစီးပွားရေးသမားတစ်ဦးကို ပြောဆိုကြောင်း ဖော်ပြနေတဲ့ သတင်းတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ ငြင်းဆိုခဲ့ပါတယ်။ 

ထရမ့်ဟာ အဲဒီစီးပွားရေးသမားနဲ့ ဖလော်ရီဒါရှိ သူ့ရဲ့စံအိမ်အိမ်ကြီးမှာ တွေ့ဆုံမှုတစ်ခုအတွင်း ပြောဆိုခဲ့တာလို့ မီဒီယာတွေမှာ ဖော်ပြနေတာဖြစ်ပါတယ်။ 

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New York Times သတင်းစာက တော့ ထရမ့်နဲ့ တွေ့ခဲ့တဲ့သူဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်နေတဲ့ ဘီလျံနာ အန်တိုနီပရတ် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ကို ပထမဆုံးထုတ်ဖော်ခဲ့တဲ့ ABC News သတင်းဌာနကလည်း နောက်ပိုင်းမှာ ဘီလျံနာ ပရတ်ဟာ အ မေရိကန်ရေငုပ်သင်္ဘောတွေအကြောင်း အရေးကြီးတဲ့ အသေးစိတ် အချက် အလက်တွေကို နိုင်ငံခြားအရာရှိ တစ်ဒါဇင်ကျော်အပါအဝင် သူ့ရဲ့ဝန်ထမ်းတချို့နဲ့ သတင်းထောက်တွေကို မျှဝေခဲ့တယ်လို့ ဖော်ပြပါတယ်။ 

ထရမ့်ရဲ့ထုတ်ဖော်ပြောဆိုမှုဟာ အမေရိကန်နျူကလီးယားရေတပ်စုကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက တိုင်းမ်သတင်းစာကို ပြောကြားခဲ့တာပါ။ 

သမ္မတဟောင်းထရမ့်ကတော့ သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်ပလက်ဖောင်းဖြစ်တဲ့ Truth Social မှာ သတင်းတွေဟာ မှားယွင်းပြီး ရယ်စရာကောင်းတယ်လို့ ဆိုကာ ပယ်ချခဲ့ပါတယ်။ 

သူ့ရဲ့အိမ်ဖြူတော်ပြန်လာမယ့်လမ်း ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အစိုးရရှေ့နေတွေက ဒီသတင်းတွေကို တီထွင်ခဲ့တာလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

ထရမ့်ဟာ သမ္မတတာဝန်မှ အနားယူပြီးနောက် သူ့ရဲ့နေအိမ်မှာ နိုင်ငံအတွက်လျှို့ဝှက်ထားရမယ့် အချက်အလက်တွေကို ယူဆောင်လက်ဝယ်ထားမှုအတွက် ပြည်ထောင်စုအစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ 

လာမယ့်နှစ်မှာ အဲဒီထရမ့်ယူသွားတဲ့ စာရွက်စာတမ်းတွေ စစ်ဆေးစီရင်မှုမှာလည်း အစိုးရရှေ့နေ တွေက ပရတ်ကို ဆင့်ခေါ်ရဖွယ်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။ 

ပရတ်ဟာသူ့ရဲ့ ဖမ်န်းဘိချ်ကလပ်မှာ ထရမ့်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ တွေ့ဆုံခဲ့ပြီး သြစတြေးလျ မှ သူ့ရဲ့ ရေငုပ် သင်္ဘောတွေအတွက် အမေရိကန်မှ စတင်ဝယ်ယူသင့်တယ်လို့ သူထင်ကြောင်း သမ္မတဟောင်းအား ပြောဆိုခဲ့တယ်လို့ ABC သတင်းက ဖော်ပြပါတယ်။ 

လက်ရှိမှာတော့ ထရမ့်ဟာ ဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေထံမှ ပိုမိုကောင်းမွန်တဲ့ သတ်မှတ်ချက် ရဖို့ သူ့ရဲ့ ပိုင် ဆိုင်မှုတန်ဖိုးကို ကြီးမားစွာလိမ်လည်လှည့်ဖြားမှုနဲ့ နယူးယောက်မှာလည်း တရားရုံး တင်စစ်ဆေးခံနေရတာဖြစ် ပါတယ်။ 

Ref: The Times of Israel /AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.