ကိဗ်၊ အောက်တိုဘာ (၇)
ယူကရိန်းအရှေ့တောင်ပိုင်း ခါကိဗ်ဒေသ ဟရိုဇာကျေးရွာကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောကြားလိုက်ပါတယ်။
ရုရှားတပ်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်လုံးထိမှန်ပြီး သေဆုံးသွားတဲ့ ရွာသားတစ်ဦးရဲ့ ဈာပန အခမ်းအနား ကျင်းပရာနေရာကို ရုရှားက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါ တယ်။
ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့ဒေသမှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း သေဆုံးသွားခဲ့ ရတယ်လို့ ခါကိဗ်ဒေသ ခေါင်းဆောင်က ပြောကြားပါတယ်။
အဲဒီရွာမှာ ပြုလုပ်ခဲ့တဲ့ ဈာပနကလည်း တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ယူကရိန်းစစ်သားတစ်ဦး ရဲ့ အသုဘဖြစ်ပြီး သူ့ရဲ့ဇနီးသားသမီးတွေလည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ ယူကရိန်း ပြည်တွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်သားကို အရင်က ဒီနီပရိုမြို့မှာ မြှုပ်နှံခဲ့ပြီးဖြစ်ပေမယ့် သူ့ရဲ့ဆွေမျိုးတွေက အခမ်းအနား နဲ့တကွ ဈာပန ပြုလုပ်လိုတာကြောင့် စီစဉ်ဆောင်ရွက်ချိန်မှာပဲ ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ အခုလိုပဲ စစ်ဖက်ဆိုင်ရာ မဟုတ်တဲ့ပစ်မှတ်တွေကို တိုက်ခိုက်လေ့ရှိပြီး အရပ်သားတွေ သေ ဆုံးမှုဟာလည်း တဖြေးဖြေး ပိုများလာပါတယ်။
Ref- BBC